18 [ Z + U ]

2.4K 204 16
                                    

အိပ်ခန်းထဲတွင် အိပ်နေသော်လည်း Jungkook အိပ်မပျော်.......
ဒီနေ့မှ မျက်လုံးများက ကြောင်နေသလို......
ခေါက်ဆွဲပြုတ်များအစားများသွားလို့လား......?
ဟာ မဖြစ်နိုင်ပါဘူး.....
သူရော ပြန်မလာသေးဘူးလား....
အဓိပ္ပာယ်မသိသော စိုးရိမ်စိတ်တို့နှင့်အတူ လေသာဆောင်မှ ထွက်ကြည့်မိပြန်သည်......
တစ်လောကလုံးကား တိတ်ဆိတ်ငြိမ်သက်နေဆဲ......








နောက်ဆုံးတော့ အိပ်မပျော်မယ့်အတူတူ စာဖတ်ခန်းထဲသို့သာ ဆင်းလာခဲ့သည်......
မီးအိမ်မှိန်မှိန်အောက်မှ စာလုံးအချို့က ပေါ်တစ်လှည့် မပေါ်တစ်လှည့်.....
စုတ်ပြဲနေသော စာရွက်လေးအား ညင်သာစွာကိုင်ရင်း စဖတ်မိသည်.....







19.10.1985





ကျွန်တော် စိတ်တွေအရမ်းညစ်နေတယ်ဗျာ အဖြေတောင်းထားတဲ့ကောင်လေးက ရှောင်နေသလို ညီမလိုခင်ရတဲ့ Hi Hyung ကလည်း ကျွန်တော့်ကို သဘောကျနေတယ်ဆိုတာ သိခဲ့ရတယ် ကျွန်တော် ဘယ်လိုပြောရမလဲဗျာ  Jung Woo ကတော့ပြောတယ် မိန်းခလေးဘက်ကို ငဲ့ညာပေးလိုက်ပါတဲ့ ဒါပေမယ့် ကျွန်တော်မှ သူ့ကိုမချစ်တာ ညီမလေးတစ်ယောက်ထက် မပိုဘူးဆိုတာ ကိုယ့်ကိုယ်ကို သိပီးသား ပီးတော့ အဲ့အကြောင်းတွေကို ကောင်လေးကြားသွားခဲ့တယ်လေ သူလည်းသိလို့ အဖြေမပေးသေးတာလို့ပဲ ကျွန်တော်ထင်တယ် ဝေခွဲရခက်နေတဲ့ကြားထဲက ကျွန်တော် Hi Hyung ကို အပြတ်ပြောခဲ့တယ် သူကလည်း ကျေကျေနပ်နပ်လက်ခံခဲ့တာပါပဲ နောက်ပီး ကောင်လေးကို ကျွန်တော် သဘောကျနေမှန်းလည်း သူသိတယ်တဲ့ တကယ်တော့ သူ့အပေါ် ကျွန်တော့်လုပ်ရပ်က ဆိုးရွားသွားတယ်နဲ့တူတယ်နော် မိန်းခလေးတစ်ယောက်ကို ဒီလိုမျိုးပြောမိလိုက်တာက အဲ့အတွက်လည်း ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်တင်လို့မဆုံးခဲ့ပါဘူး.......







ဖတ်နေရင်းမှ Jungkook ရင်ထဲတစ်မျိုးခံစားလာရသလို......
နောက်တော့ စာရွက်လေးအား တစ်ဝက်လှန်၍ ဆက်ဖတ်မိပြန်သည်......







17.1.1986








တစ်နှစ်ကျော်ကျော်ကြာပီးမှ ကောင်လေးရဲ့အဖြေကို ကျွန်တော်ရခဲ့တယ်
ဒီနေ့ကတော့ ကျွန်တော့်ဘ၀ထဲက ပျော်ရွှင်စရာကောင်းတဲ့နေ့လေး
တစ်နေ့ ပါပဲ သူ့ရဲ့ချစ်တယ်ဆိုတဲ့ စကားလေးကြားလိုက်ရတိုင်း ကျွန်တော့် ဘ၀တစ်ခုလုံးဗြောင်းဆန်သွားသလိုပဲ ပိုပြောတယ်လို့မထင်နဲ့နော် ရင်ထဲရှိတဲ့အတိုင်း ပြောတာ Jung Woo ကတော့ ကျွန်တော်တို့တွဲတာကို သိပ်သဘောမကျသလိုပဲ ပီးတော့ပြောသေးတယ် Hi Hyung ကိုအားနာလို့တဲ့ ဘာဆိုင်လဲနော် ဒါပေမယ့် ကျွန်တော်သိပါတယ် Jung Woo , Hi Hyung အပေါ်ဘယ်လိုခံစားချက်ထားလဲဆိုတာ အင်းမ်လေ ထားပါတော့ အဲ့တာတွေလည်း ကျွန်တော် မစဉ်းစားချင်ဘူး ခု ကျွန်တော် သိတာဆိုလို့ Lee Jae Seok ဆိုတဲ့ကောင်လေးကို ချစ်တာပဲရှိတယ်.......









VICTORIA[ COMPLETED ]Where stories live. Discover now