7 [ Z + U ]

2.6K 249 39
                                    

မနက်မိုးလင်းတော့ လန်းဆန်းမှုတို့နှင့်အတူ Taehyung နိုးထလာခဲ့သည်......
သက်သာသွားပီပဲ......
လက်တွင်တပ်ထားသော အပ်လေးအား အသာဖြုတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်.....
သို့သော်လည်း မရည်ရွယ်ပါဘဲနှင့် မျက်ဝန်းများက တစ်စုံတစ်ယောက်ကို ရှာ‌မိနေဆဲ......






" သခင်လေး ဖြေးဖြေးလာပါ သက်သာရဲ့လားဟင်..... ကျွန်တော်တွဲပေးမယ်.... "
" အင်းမ် ရပါတယ်..... "






သူ့အားမြင်တော့ ကပျာကယာပြေးလာကာ လာတွဲသော Yoon Lay.....
Yoon Lay လက်အား ကိုင်လျက် လှေကားပေါ်မှ တစ်ထစ်ချင်းဆင်းလာမိသည်.....
သူရော သူ ဟိုမှာရှိနေတာလားဟင်......
အဓိပ္ပာယ်မဲ့မျက်ဝန်းတို့ဖြင့် နေရာအနှံ့ကြည့်နေမိတော့ စကားစလာသော Yoon Lay.....




" ဟို Jungkook ဆိုတာ မနေ့တည်းက ထွက်သွားတာ ခုထိပြန်မရောက်သေးဘူး သခင်လေး...... "
" ဪ ဟုလား.... "






ဪ တစ်လုံးဆိုကာ ယဲ့ယဲ့လေးပြုံးမိတော့ အနားက Yoon Lay က စိတ်မကောင်းဟန်မျက်ဝန်းများဖြင့် ကြည့်လာသည်.....
သူ သိနေတာလား......
ဝမ်းနည်းသည့်ဟန်မပေါက်အောင် နေနေပါသော်လည်း လူက သိပ်ဟန်မဆောင်နိုင်......
ဘာပဲဖြစ်ဖြစ် ယောကျာ်းတစ်ယောက်အနေနဲ့ အနားမှာရှိနေပေးသင့်တာ မဟုလားဟင်......
" သခင်လေး ဘာစားချင်လဲဟင် ကျွန်တော် ဘာလုပ်ပေးရမလဲ..... "
" ရပါတယ်..... ငါမဆာသေးဘူး...... ဒါပေမယ့် ခေါက်ဆွဲပြုတ်လေးတော့ စားချင်တယ်..... "
" ဟု ဟု ကျွန်တော် လုပ်ပေးမယ်နော်..... "
" အင်းမ်..... "





သူ့ဆီက ခွင့်ပြုချက်ရသည်နှင့် မီးဖိုဆောင်ထဲသို့ Yoon Lay ချက်ချင်းပြေးထွက်သွား၏။
ဧည့်ခန်းထဲတွင်တော့ တိတ်ဆိတ်ငြိမ်သက်ခြင်းများစွာဖြင့် Taehyung ထိုင်နေဆဲ.......
မနေ့က သူပြောခဲ့သော စကားများက မတွေးပါဘဲနှင့် ခေါင်းထဲပြန်ပြန်ရောက်လာသည်......
ဟက် သူက သူ့ကိုထိခိုက်မှာကိုပဲ ကြောက်နေတာမလား..... ငါ့ကြောင့်နဲ့...... သူ့ရဲ့သိက္ခာကို.....
နာကျည်းစွာ တွေးမိတော့ ရင်ထဲကမခံနိုင်စွာ အောင့်တတ်လာသည်.....
လက်ခလေးဖြင့် ရင်ဘတ်အား အသာဖိကာ အသက်ပုံမှန်ရှူသွင်းရ၏။
တစ်အောင့်ကြာမှ သက်သာသွားသော ဝေဒနာ......
အပြင်တွင် ဖွဲဖွဲရွာကျနေသော မိုးများအား ငေးကြည့်နေမိသည်.....
ဒီမိုးစက်လေးတွေလိုမျိုး ငါ့ဘ၀လွတ်လပ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ......







VICTORIA[ COMPLETED ]Where stories live. Discover now