9 [ Z + U ]

2.6K 237 20
                                    

မနက်လင်းလာသည်အထိ Taehyung မနိုးသေး.....
စိမ့်လာသော အအေးဓာတ်ကြောင့် ရုတ်တရက် အနားရှိ ဖက်ခေါင်းအုံးအား လှမ်းဖက်မိသွားသည်......
နွေးထွေးသော အထိအ‌တွေ့ကြောင့် Taehyung ခေါင်းလေး တိုးဝင်မိသည်အထိ......
မျက်လုံးများမဖွင့်နိုင်‌သေး
သည်မို့ အိပ်စက်ခြင်းက သူ့အား ပြန်လည်ကြီးစိုးသွားပြန်သည်.....





Jungkook အိပ်ပျော်နေရာမှ ရင်ခွင်ထဲသို့ တိုးဝင်လာသော ကိုယ်ငယ်လေးကြောင့် သတိဝင်ကာ ငုံ့ကြည့်မိသည်......
နှုတ်ခမ်းဖူးဖူးလေးအား မဟတဟ ဟကာ အိပ်ပျော်နေသော သူ......
မျက်လုံးလေးများ မှေးစင်းထားသည်မို့ သူ့ရဲ့ အေးစက်စက်အကြည့်များကို မတွေ့ရ......
ဒီလိုကျတော့လည်း ကလေးတစ်ယောက်ပမာ.....
ချစ်ဖို့ကောင်းသည်ဟု ဆိုချင်ပါသော်လည်း ရင်ထဲရှိ မာနကြောင့် တစ်ဖက်သို့ လှည့်မည်အပြု.....



" ဟင့် Omma..... Tae ကို ဖက်ထားပေးပါ..... အင့်...... "



သူ့ ခါးအား လက်သေးသေးလေးများဖြင့် ဆွဲညှစ်ကာ ပြောနေသော အသံတိုးတိုးလေး.....
လက်ကလေးများအား ဆွဲခွာပီး ထခဲ့ချင်ပေမယ့် ရင်ထဲတွင် နေရာယူလာသည်က ကြင်နာမှု......
တစ်ဖက်သို့ ပြန်လှည့်ကာ ကိုယ်ငယ်လေးအား အသာ ထွေးပွေ့ထားမိသည်......
နှာဖျားမှ ထွက်လာသော လေနွေးနွေးလေးအား ခံယူရင်း Jungkook မျက်တောင်မခတ်တမ်းကြည့်နေမိသည်......
ဒီအချိန်လေးပဲ ကြည့်ခွင့်ရဖို့ သူ့မှာ အခွင့်အရေးရှိတာမဟုလား....?
ရင်ခွင်ထဲမှ ကောင်လေး၏ဆံနွယ်‌လေး
အား ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ နမ်းရှိုက်မိသွားသည်.....
အမြဲတမ်း ဒီလို အပြစ်ကင်းတဲ့ပုံလေးနဲ့ နေရင် ဘယ်လောက်ကောင်းလိုက်မလဲဟင်......






ဟထားသော တံခါးအကွယ်တွင်တော့ အံ့ဩသော အကြည့်တို့ဖြင့် မတ်တပ်ရပ်နေမိသူ Yoon Lay.....
ဒါ ဒါ ဘယ်လိုကြီးလဲ......
မနေ့ကထိ ရက်စက်မှုတို့နှင့် Jungkook ၏ပုံရိပ်ကို မြင်နေရ
သေးသည် ခုကျတော့......
အံတင်းတင်းကြိတ်၍ လက်သီးလေးအား ဆုပ်ကာ အခန်းဝမှ ညင်သာစွာ ထွက်ခွာလာခဲ့သည်......
ခုလိုပုံစံလေးနဲ့ သခင်လေး အနားမှာ ရှိနေပေးမယ်ဆိုရင်တော့ ဘာမှမပြောလိုပါဘူး ဒါပေမယ့် သခင်လေးကို နာကျင်အောင် လုပ်ရင်တော့ ခင်ဗျားကို ကျွန်တော်ကိုယ်တိုင်သတ်မှာ.......




VICTORIA[ COMPLETED ]Where stories live. Discover now