Part 2 unicode

15.6K 432 9
                                    

💘.ရင်ခွင်ရိုင်း... ၂

"သက်.. နောက်ကြလှချည်လား...''

ဒေါ်သက်လျာအိမ်ပြန်လာတော့ဦးမောင်က

ဧည့်ခန်းမှာစာဖတ်ရင်းစောင့်နေသည်။

သူတို့လင်မယားကတော့တစ်မျိုးပါလေ.

မိန်းမမို့ယောက်ျားထက်အရင်ပြန်လာပြီး

စောင့်ရမယ်လို့ထုံးစံမရှိပါ.. ကြိုရောက်တဲ့လူ

ကစောင့်ကြေးပဲ.. ဒါကလည်းသူတို့ချင်းက

အဆင်ပြေသည်။ဒေါ်အမတကတော့ ဒါမျိုး

မကြိုက်..

သူကသားကိုသခင်..လင်ကိုဘုရားတဲ့..

အဲ မြေးကိုတော့ဘုရင်လို့များတင်စားခဲ့လား

မသိဘူး..

"ဟုတ်တယ်.. ကိုမောင်ရေ.. ဇာတိကလေ

ခင်မင်ရင်းနှီးတဲ့လူနဲ့ပြန်တွေ့လို့..''

"ဪ ဒါကြောင့်မင်းမျက်နှာတစ်မျိူးပါလား

လို့..''

"အင်း..ဒါပေမယ့်ကျွန်မရဲ့ငယ်သူငယ်ချင်း

အကြောင်းကြားရတာတော့စိတ်မကောင်းစ

ရာပါရှင်.. သူတို့ဆုံးသွားပြီတဲ့..''

"ဟင် ဟုတ်လား..''

"အင်း.. အခုသူ့အကိုနဲ့တွေ့လာတာ..

ပြီးတော့..သူ့မှာသမီးလေးတစ်ယောက်ကျန်ခဲ့တယ်သိလား..''

သမီးလေး ဆိုပြီးဟလိုက်တာနဲ့.. ခုနကမှိန်နေတဲ့ သူမမျက်ဝန်းတွေအရောင်တဖျက်ဖျတ်ပြန်လက်လာသည်။

"ချို့ သမီးလေးက သိပ်ချစ်ဖို့ကောင်းတာပဲ

ကိုမောင်ရယ်..''

"ဘာလဲ.ကလေးကငယ်သေးလား.''

"ဟင့်အင်း သားလောက်ရှိပြီ..

သူ့ဘကြီးကထိန်းကျောင်းလာတာတဲ့..

ပြောရအုံးမယ်သိလား.. ဘကြီးကထိန်းကျောင်းလာလို့ကလေးမကပေါ့ပေါ့တန်တန်

လေးလို့မထင်နဲ့.. အင်မတန်မိန်းကလေးပီသ

တာပဲ.. ကျွန်မဖြင့်အံ့သြလိုက်တာ..

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now