part 7 unicode

13.7K 439 3
                                    

ရင်ခွင်ရိုင်း 💘...၇

"ပျို...ကညှာပျို.. ''
ပြန်ထူးသံလည်းမကြား..
တောက်ဒီမိန်းမဘယ်သွားတာလဲ..
ခါတိုင်းသူပြန်လာရင်..ကြိုနေတာမဟုတ်ပေ
မယ့်..အောက်ထပ်မှာပဲဆီးပြီးမြင်နေကြ..
အခုမတွေ့လို့အပေါ်ထိတက်လာတာတောင်
အိပ်ခန်းထဲမှာလည်းသူမကမရှိ..

"ချစ်ပု..အပြုံး..''
"ရှင်..လာပြီအကိုလေး..''
နှစ်ယောက်သားခလုတ်မတိုက်ယုံပြေးလာကြသည်။ သူဘယ်တုန်းကပြန်ရောက်နေတာလဲ..သူတို့လည်းမသိလိုက်..
ခါတိုင်းဒီအချိန်ပြန်မလာတတ်တော့လေ..

"ဟို မိန်းမဘယ်သွားလဲ..''
"ရှင်..ဟို မမလေးကဆိုင်ခနသွားပါတယ်..''
"အဲ့လို..ငါအပြင်ထွက်တာနဲ့ အမြဲနောက်က
လိုက်ထွက်နေကြလား..''
"ရှင်..မဟုတ်ပါဘူး..တစ်ခါတစ်လေမှပါ..''

"ငါ့ကိုညာရင်တော့..''
"မညာရဲပါဘူး.အကိုလေး.''
"ပြီးရော..''
ကားသော့ကောက်ယူပြီးချက်ချင်းပြန်ထွက်သွားတာကြောင့်...
"မမလေးကိုလှမ်းဖုန်းဆက်ပြောရင်ကောင်း
မလား..''
"နင် အကိုလေးအကြောင်းမသိလို့လား..''
"ဒုက္ခပဲနော်..ပြသနာတတ်တော့မှာပဲ.''

အကိုလေးကလေ..မိန်းမရတာတောင်လုံးဝ
ပြောင်းလဲတာမဟုတ်ဘူး..အရင်လိုပဲမိုးလင်း
ကနေမိုးချုပ် သူသွားချင်ရာသွားနေတတ်ပြီး..

သူ့မိန်းမတစ်ခါတစ်လေ အပြင်ထွက်တာကြ
သူဒေါသတွေထွက်နေလိုက်တာ..
...
တကယ်ပဲလေလိုအလျှင်နဲ့သူပျို့ဆိုင်ကိုရောက်ချလာပါသည်။
ပျိုက မာမာနဲ့ဈေးဝယ်သွားနေတာကြောင့်
ဆိုင်မှာမရှိပါ..
အိမ်အတွက်ကောဆိုင်အတွက်ကောဝယ်နေရ
တာမို့ ကြာနေသည်။

နောင်ရိုးကိုသူတွေ့သွားတော့ သူ့ဒေါသက
အထွဋ်အထိပ်ရောက်နေသည်။
"မင်း ဒီမှာအခုထိရှိနေတုန်းလား..''

"အချစ်စစ်ဆိုရင် လွယ်လွယ်နဲ့မစွန့်လွတ်နိုင်
ဘူးမှတ်လား.. ခင်ဗျားယုတ်မာတယ်..
မမကိုလက်ထပ်ပြီးစိတ်ချမ်းသာအောင်
လည်းမထားပဲ.. ''
"သူကစိတ်ဆင်းရဲနေရပါတယ်လို့ မင်းကို
ပြောလား ..''
"ကြည့်ရင် အသိသာပဲကို..မဟုတ်ရင်ခင်ဗျား
နဲ့ ဝေးဝေးနေပါ့မလား...''

"ဘာ...''
"လက်ထပ်လိုက်တိုင်းခင်ဗျားအပိုင်ရသွား
တာမဟုတ်ဘူး.. လွတ်လပ်ခြင်း
ခင်ဗျားကလူယုတ်မာမို့လို့
မမရဲ့အသွေးအသားတွေကိုခင်ဗျားရိုင်းချင်
တိုင်းရိုင်းပြီးပြီဆိုရင်တောင်..ကျုပ်ကတော့
ဖြူဖြူစင်စင်နဲ့.. မမကိုချစ်နေအုံးမှာပဲ..''

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now