part 11 unicode

12K 375 0
                                    

ရင်ခွင်ရိုင်း.. 💘..၁၁

ညနေတောင်စောင်းပြီ.သားလေးအိပ်လှချည်
လား...ဒန်းပုခက်ထဲကသားလေးကိုငုံ့နမ်းပြီး
နှိုးလိုက်သည်။
ဟယ်တော် သားသားကိုယ်တွေပူချစ်နေပါ
လား..နေ့လည်ကရေချိုးတာကြာသွားလိုု့ဖြစ်
မယ်..
အခုမှပျို ပြူးပြာသွားသည်။
ကလေးကိုဆေးခန်းသွားပြမှဖြစ်မယ်..
"ချစ်ပုရေ..''
"ရှင်မမလေး..''
"ဦးမိုး..ရော..ဦးမိုးရှိသေးလား..''
"မမလေး ခိုင်းစရာမရှိဘူးဆိုလို့ပြန်သွားပြီလေ.''
"ဟုတ်လား.. ဒုက္ခပဲ 
သားကနေမကောင်းဘူးဆေးရုံပြမှဖြစ်မယ်..
မတတ်နိုင်ဘူးကားကတော့ကိုယ့်
ဟာကိုယ်ပဲမောင်းရတော့မယ်...''
"အကိုလေး ဆီဖုန်းဆက်လိုက်ရမလား
မမလေး..''
ပျို ခနစဉ်းစားပြီးမှ..
သူကခေါ်လို့တန်းလာရင်ကောင်းသည်။
မလာပဲဘုဂလန့်ပြောရင်ကိုယ်ပဲစိတ်ထိခိုက်
ရမည်..
"နေပါစေတော့.. နင်ပဲလိုက်ခဲ့.. ''
သားကိုသေချာဝတ်ဆင်ပေးပြီး..ဆေးရုံသွား
ဖို့ကားနားလျှောက်လာသည်။
ထိုစဉ် ခြံထဲသို့ကားတစ်စီးဝင်လာတာကြောင့်
ခြင်းများလား..ရပ်ကြည့်မိသည်။
"ထိုက်ထိုက်..''
မင်းထိုက်က ကစားစရာတစ်ပွေ့တစ်ပိုက်ကြီး
နဲ့ဆင်းလာပြီး.
"ပျို နင်ဘယ်သွားမလို့လဲဟ''
"သားလေး နေမကောင်းလို့ဆေးခန်းသွား
ပြမလို့..''
"ဟုတ်လား..ကလေးတော်တော်ဖြစ်နေလား..
နင့်ဒရိုင်ဘာမရှိဘူးလား..
လာလေငါ့ကားပေါ်တတ်ငါလိုက်ပို့မယ်..''
ပျိုလည်း လောလောဆယ်အဆင်ပြေဖို့
မင်းထိုက်ကားပဲစီးလိုက်သည်။
နှာသီးလေးတွေရဲနေတဲ့ သားလေးကိုကြည့်ပီး
မျက်ရည်တွေဝဲလာရသည်။

"ငါအသုံးမကျတာပါ.သားကရေကြိုက်တယ်
ဆိုပြီး ငါအကြာကြီးချိုးပေးမိတာ..''
"စိတ်အေးအေးထားပါပျိုရာ.. သားကဘာမှ
ဖြစ်မှာမဟုတ်ပါဘူး.. ''

မင်းထိုက်လိုက်ပို့လို့ဆေးခန်းပြပြီး....
ကလေးအထူးကုဆရာဝန်ကြီးမှစိုးရိမ်စရာမရှိဘူး
လို့ပြောမှ..အသက်ဝဝရှူနိုင်တော့သည်။
အိမ်ထိလည်းသူပဲပြန်လိုက်ပို့ပေးသည်။
အပေါ်ထပ်မှာသားကိုပြန်ချသိပ်တဲ့အထိ
မင်းထိုက်ကလိုက်လာပြီး..ကြည့်သည်။

"ပျို နင်မစိုးရိမ်နဲ့နော်..ခဏနေအပူကြသွား
မှာပါ..''
"အင်းလေ''
..
"အခုတော့ငါ့အိပ်ခန်းထဲထိတောင်ရောက်နေ
ပြီပေါ့..''
ဟင်...
ရုတ်တရက်ခြင်းကဘယ်လိုရောက်လာမှန်း
မသိပါ.. သားစိတ်ကြောင့်သူ့ကားသံတောင်
မကြားမိတာ.

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now