part 4 zawgi

5K 63 1
                                    

ရင်ခွင်ရိုင်း 💘..၎

"မဖြစ်ဘူး..''
သက်လျာ..ခေါင်းမူးတာပြေသွားတာနဲ့ငေါက်
ခနဲထထိုင်ပြီး ကျုံးအော်သည်..
"သက်..''
"ကျွန်မ ဒီအတိုင်းကြည့်မနေနိုင်ဘူး... ကျွန်မ
လုံးဝသဘောမတူဘူး..''
"သက် ရယ် မင်းသားကသူ့ကိုသူကလေး
မဟုတ်တော့ဘူးလို့ပဲပြောသွားတာ.''

"ကလေးမဟုတ်တော့လို့.ပေါ့.ကလေးအဖေဖြစ်သွားမှာစိုးလို့ပေါ့..
အဲ့ဒီမိန်းကလေး...အဲ့ဒီမိန်းကလေးနဲ့တော့လုံး
ဝသဘောမတူဘူး..
ကျွန်မသားကဒီလိုပုံစံဖြစ်နေရင်တောင်..
အဲ့လိုမိန်းကလေးကိုတော့ကျွန်မလုံးဝချွေးမ
မတော်နိုင်ဘူး...

အခုကစပြီး သားကိုဒီအတိုင်းလွှတ်မထား
တော့ဘူး..
အဲ့လိုမိန်းကလေးမျိုးက..ကျွန်မသားရဲ့ကလေးကိုလက်ဆွဲပြီးရောက်လာမယ့်နေ့ကို
ကျွန်မလုံးဝစောင့်နေမှာမဟုတ်ဘူး.ရှင့်.''

"ဒါဆို မင်းဘယ်လိုလုပ်မှာလဲ..မင်းသား
ကကော မင်းပြောတာနာခံမလား...''

"အို..သူ့အမေ တစ်ယောက်လုံးသေပါတော့
မယ်..ရှင်ပါတော့မယ်ဖြစ်ရင်တော့ နားထောင်မှာပါ...
လွတ်လပ်ခြင်းကို ကျွန်မဝမ်းနဲ့လွယ်ပြီးမွေး
ထားတာ..ကျွန်မသားအကြောင်းကျွန်မသိ
တယ်..''
ဟုတ်လို့လား..  အခုတောင်မင့်သားကတစ်
ချက်ဆင်းလာကြည့်တာမဟုတ်ဘူး..

"သား သူ့ဘာသာသူ မဟုတ်တရုတ်မိန်းမ
တွေနဲ့ ကလေးမရခင်..ကျွန်မကအရင်
သားကိုအိမ်ထောင်ချပေးမယ်..''
"ဘယ်လို..မင့်သားကိုများဘယ်သူနဲ့''
သက်လျာကမဖြေပါ..
"မင်း မဟုတ်မှလွဲရော ဟိုကလေးမကိုရည်
ရွယ်နေတာတော့မဟုတ်ပါဘူးနော်..''

"ဟုတ်တယ်.. ကျွန်မအစထဲကပျိုလေးကို
ဘယ်လောက်သဘောကြလဲရှင်သိရက်နဲ့..''

''ပြောတော့မင်းသူငယ်ချင်းရဲ့သမီးလေးမို့
ကိုယ့်သမီးအရင်းလိုချစ်တာဆို.. ဒါတောင်
မင်းသားလက်ထဲထည့်ပေးမလို့လား..
လွတ်လပ်ခြင်းက ငါ့အတွက်လည်းတစ်
ယောက်အပြင်မရှိတဲ့သားပါ..ဒါပေမယ့်
အမှန်အတိုင်းပြောရရင်.. ငါတို့သားက
လူဆိုးလူမိုက်ထက်သာတဲ့ လူရိုင်း..
တန်ဖိုးရှိတယ်မရှိဘူး..သူခွဲခြားတာမဟုတ်
ဘူး..သူ့လက်ထဲရောက်ရင် အားလုံးဖျက်စီးပစ်တာ..
ဟာ.. မဖြစ်သေးပါဘူး သက်ရယ်..

ရင်ခွင်ရိုင်း {Complete}Место, где живут истории. Откройте их для себя