part 17 unicode

11.9K 340 0
                                    


ရင်ခွင်ရိုင်း.. 💘..၁၇

နွဲ့ယိမ်းကခြင်းအမေကိုလည်းတွေ့ပါရစေဆို

လို့.. ပျိုကခေါ်သွားပေးသည်။

သူ့သားအကြောင်း တစ်ယောက်ယောက်

ကပြောရင် မိခင်ကတော့ငိုမှာပါပဲ..

"သားလေးက အဖြစ်ဆိုးလွန်းပါတယ်ကွယ်..

ဒီလောက်ချစ်တဲ့ ဇနီးနဲ့ကလေးကိုထားပြီး

ဘယ်ရောက်နေမှန်းမသိဘူး..''

"အန်တီ ကျွန်မဝင်ပြောတာတစ်မျိုး မထင်ပါနဲ့

ဒါပေမယ့် ခြင်းပျောက်သွားတာ သွေးရိုးသား

ရိုးမဖြစ်နိုင်ဘူးထင်တယ်''

"ဟင်  သမီးက ဘယ်လိုထင်လို့လဲ..''

"ခြင်းက ဒီလောက်ဒဏ်ရာပြင်းပြင်းနဲ့လဲနေ

တာ..သူ့ဘာသာသူထထွက်သွားတာဖြစ်နိုင်

ပါ့မလား..''

"နွဲ့ ဒါဆို သူ့ကိုတစ်ယောက်ယောက်ကခေါ်

သွားတာ လို့ဆိုလိုတာလား..''

"အဲ့လို မှမဟုတ်ရင်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..''

"ဒါပေမယ့်..cctvမှာသူ့ပုံရိပ်လုံးဝမရှိဘူး..''

"ဟ ပျိုရ ခိုးပါတယ်ဆို.. လူမြင်အောင်ပေါ်

တင်ခေါ်သွားပါ့မလား..

နင်အဲ့ အခန်းရှေ့တစ်ချိန်လုံးရှိနေတာဆို...

မသင်္ကာစရာတို့ထူးဆန်းတာတို့လုံးဝမရှိဘူး

လား..''

ပျို စဉ်းစားနေသည်။

"မရှိဘူး.. ဒါပေမယ့်..''

"ဘာဖြစ်လဲ..ဘာဖြစ်လဲသမီးပြောကြည့်..''

"အဲ့နေ့က ငါမျက်နှာသွားသစ်ပြီးပြန်လာတော့

လမ်းမှာ..ပိတ်စနဲ့အုပ်ထားတဲ့အလောင်းတစ်

လောင်းတွေ့တယ်..

ပျို..ပြေးပြီး ဖွင့်ကြည့်မလို့လုပ်ပေမယ့်သူတို့က..မိန်းမတစ်ယောက်လို့ပြောတယ်...

ထူးဆန်းတာကလေ အလောင်းပိုင်ရှင်တစ်

ယောက်မှမပါဘူး..

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now