part 18 zawgi

8.8K 91 4
                                    

ရင်ခွင်ရိုင်း.💘

အပိုင်း..၁၈(ဇတ်သိမ်း)

ခြင်းကို အရင်လိုပဲအရေးပေါ်ခန်းထဲမှာပဲထား

ရသည်။ ဒီတစ်ခါတော့အပျောက်ခံမည်မဟုတ်..

ပျိုက အခန်းရှေ့မှာပင်တစ်လက်မမှမရွေ့ပါ.

ညလည်းမအိပ်သလို..

သေချာတာတော့မျက်နှာတောင်ထသစ်လိမ့်

မည်မဟုတ်ပါ။

နှစ်ရက်တိတိဝင်တွေ့ခွင့်မရဘူး..ခြင်းအခြေအနေစိတ်ချရမှ လူနာခန်းကိုပြောင်းပေးမယ်တဲ့..

သားသားကလည်း မနက်ဆိုအစောထပြီး

သူ့အဖေဆီသွားဖို့ တာဆူနေလို့အိမ်ကလုံလုံ

တောင်မနိုင်ပါ..

"ဖေဖေကိုတွေ့လို့မရဘူးလား..

ဖေဖေကသားသားကိုမတွေ့ချင်ဘူးတဲ့လား..''

ပျို..မဖြေနိုင်ပါ..သူပြန်ကောင်းလာရင်တောင်

သူမတို့ကိုမှတ်မိပါ့မလား.. အဲ့ကြရင်သားလေးစိတ်ထိခိုက်ရအုံးမည်...

"တွေ့ရမှာပေါ့...မြေးလေးရယ်..ဖေဖေကအခု

အနားယူနေတာ.. သူအားပြန်ပြည့်မှမြေးလေး

နဲ့ကစားပေးနိုင်မှာပေါ့..နော် မြေးနော်..''

ဆေးရုံ ထပ်ပြီးအချစ်ဦးရောက်လာတာကြောင့် ပျိုနဲ့ သက်လျာ ပြူးပြာသွားသည်။

သူမနောက်မှာတော့ ရဲတွေပါပါသည်။

"နင်.. နင် ဘာလာလုပ်ပြန်ပြီလဲ..

သူ့ကိုဘာလို့လွှတ်ပေးတာလဲ.''

"ကျွန်မကိုအချုပ်ထဲထည့်လို့ရမယ်ထင်နေလား.. အန်တီထင်ယောင်ထင်မှားဖြစ်နေတဲ့ပုံပဲ.. ကျွန်မကသာ ကိုကို့ကိုကယ်ထား

တာ..''

"ဘာ.. နင်ကများ..နင်ခေါ်ထုတ်သွားလို့ငါ့

သားမသေယုံတမယ်ပဲ..''

"အဲ့လို ဖြစ်ရတာတရားခံအစစ်ကဘယ်သူ

လဲ..အန်တီသိလို့လား..

ဒီမိန်းမပဲ..အန်တီ့နားမှာတော့ မခုတ်တတ်

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now