Part 5 unicode

13.1K 413 8
                                    

ရင်ခွင်ရိုင်း 💘...၅

နွဲ့ယိမ်းကိုလည်း ဖုန်းနဲ့သူမစေ့စပ်လိုက်ရတဲ့အကြောင်းစုံပြောပြလိုက်တော့...
"မိပျို ဘာလဲ..ဒါဆိုနင်ခေါင်းညိတ်လိုက်တယ်
ပေါ့အဲ့လိုလား..''
"အင်း ငါက ငါကလေ..''
"ဘာလဲ တစ်ခါမြင်လိုက်ယုံနဲ့ သစ်ငုတ်တို
တောင်နဲ့သွားလောက်အောင်များ..အဲ့လူကချောတာလား..''
"အဲ့တာကြောင့် မဟုတ်ပါဘူး..ငါ ငါက
ဘ တို့ အန်တီသက်တို့ကြောင့်.. ''

"မိပျိုရယ် နင်ကသူ့အကြောင်းနဲနဲလေးမှတောင်
မလေ့လာဘဲ.. ဒီအတိုင်းဟုတ်ကဲ့လုပ်လို့ဘယ်ဖြစ်မလဲ..
နင်အရင်ကပြောပုံအရဆိုအဲ့လူ အကျင့်စရိုက်
ကတစ်မျိုးပဲနော်..''

"ငါမသိတော့ဘူးဟာ.. ဘက အန်တီသက်လျာရဲ့သားဆိုရင်သူစိတ်ချတယ်တဲ့..
အန်တီသက်ကလည်း ငါ့ကိုချစ်သားပဲလေ..''

အိမ်ထောင်ရေးကိုများ မူကြိုကျောင်းအပ်
သလိုလုပ်နေတဲ့..မိပျိုကိုတကယ်ငါမပြောလိုက်ချင်တော့ဘူး...
"အေး နင့်မင်္ဂလာဆောင်မတိုင်ခင် ရအောင်
ဆင်းလာခဲ့မယ်..ဒါပဲ..''

ပျိုအနာဂဏ်ကိုပျိုမသိဘူး..လူကြီးတွေအားလုံးသာစိတ်ချမ်းသာမယ်ဆ်ိုရင်ဒါအကောင်းဆုံးပဲပါ့..
လို့သာတွေးခဲ့မိသည်။
=========================

မနက်ခင်း အလုပ်သွားဖို့အတွက်ပြင်ဆင်ပြီး
မှဆင်းလာတဲ့ နောင်ရိုး..
မိဖတွေနဲ့အတူဘရိတ်ဖက်ဝိုင်းမှာဝင်ထိုင်လိုက်သည်။

"ဟ ငါ့သားကကြိုးစားလှချည်လားကွ..
ဒီလိုပုံစံမျိုးသာ အဖေ့ကုမ္မဏီမှာအလုပ်ဝင်
ရင်..နှစ်ဆချမ်းသာအုံးမှာပဲ..''

"ဟာ ဖေကြီးကလည်း..''
သူ့အဖေကဆီးပြီးနောက်သည်။သူ့အမေကပြုံးနေသည်။ မောင်နှမနှစ်ယောက်ထဲ
ရှိပေမယ့်.. သူ့မိဘတွေကြတော့တစ်မျိုး
သားသမီးကိုသူငယ်ချင်းလိုပဲ..အရာအားလုံး
ပွင့်ပွင့်လင်းလင်းရှိပြီး..
အခုလည်းသူတို့သားရဲ့အချစ်ရေးအကြောင်း
မိဘတွေပါသိနေသည်။

"ဘယ်လိုလဲ ဆရာသမား..
တနေ့တနေ့ ဆိုင်ကိုသွား..မောနီးပါမမ
ပြန်ပြီလားမမ လုပ်နေယုံလောက်နဲ့တော့
ဧရာဝတီမြစ်ကြီးဖြစ်မလာဘူးနော်..''

"ဖြည်းဖြည်းပေါ့ ဖေကြီးရာ..''

"မင်းကကြိုက်တော့ဖြင့် ကိုယ့်ထက်အသက်
ကြီးတဲ့မိန်းကလေးကိုကြိုက်ပြီး..
အခုလိုမျိုးဖွင့်တောင်မပြောရဲရင် နောက်ကြမှ
ကျန်ရစ်ဖြစ်နေအုံးမယ်နော်..
သူ့မှာတခြားစဉ်းစားစရာ မင်းပြိုင်ဘက်တွေ
ရှိနေရင်ဘယ်လိုလုပ်မလဲ..''

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now