part 6 zawgi

5.3K 63 0
                                    

ရင်ခွင်ရိုင်း 💘...၆

ခစ်...ခစ်..ခစ်...ခစ်..(ကလေးရယ်သံ..)
🎵🎵🎵🎵🎵🎵🎵🎵(သံစဉ်..)

မျိုးကိုနဲ့ကျော်ခေါင် ရဲ့ဖုန်းနှစ်လုံးလုံးကတစ်ပြိုင်
နက်ထဲထမြည်နေသည်။
ဖုန်းနံပတ်ကိုကြည့်ပြီးနောက်..
နှစ်ယောက်စလုံး လက်ပစ်ဗုံးတွေ့သလိုမကိုင်
ရဲကြပေ.

"ငမျိုး.. မင်းကိုင်လိုက်..''
"မင်းကိုင်လိုက်ပါလား..ငကြောင်..''
"မကိုင်ချင်ဘူး..''
"မကိုင်မချင်းခေါ်နေမှာကွ..''
"မင်းကိုင်ပါလား.. ဒါကဟီရိုရှီးမား ဗုံးကြဲတာ
ထက်ဆိုးမှာ..ငါတော့မကိုင်ရဲဘူး..''

နှစ်ယောက်သားသူကိုင်ငါကိုင်နဲ့..နောက်တော့တစ်လုံးကိုကိုင်ပြီး စပီကာဖွင့်လိုက်သည်။

"ရှင် တို့ဘာလုပ်နေလို့ဖုန်းမကိုင်ကြတာလဲ..''

ဆောင့်အောင့်ထွက်လာတာအချစ်ဦးရဲ့အာပြဲသံကြီး၊
တောက်..)) အာဖြဲခြောက်မ..နားကွဲတော့မယ်
"အခုကိုကိုဘယ်မှာလဲ..''
"ဘယ်သိပါ့မလဲ..''
"ရှင်တို့နော်..''
"ကိုကိုမင်္ဂလာဆောင်တော့မယ်ဆိုတဲ့.. ကော
လဟာလတွေထွက်နေတယ်..ဒါအမှန်ပဲလား..''
"ကောလဟာလမှန်းသိရဲ့သားနဲ့ အမှန်လား
ဆိုတော့.. အချစ်ဦး နင်ကျပ်ပြည့်ရဲ့လား..''

"ဘာပြောတယ်.. ''
"ဒါဆိုတကယ်မဟုတ်ဘူးပေါ့..
ဒါနဲ့ နေအုံး ကိုကို့အမေကဆရာဝန်မကြီးလား..''
"ဘယ်ကလား.. ဒီကောင့်အမေကစင်ကာပူ
မှာအထည်ရောင်းတယ်လေ.. နာမည်ကဒေါ်
သောင်းဆိုလား...''
"ကိုကို့အဖေကကော..ဆောက်လုပ်ရေးကုမ္မဏီကလား..''
"နင်ရူးနေပြီလား.. ခြင်းအဖေကအရက်ရောင်း
တာဟ.. ဒါကြောင့် ခြင်းကိုကြည့်ပါလားလုံးဝ
အရက်သမားရုပ်ပဲကို..''

"ကိုကို့ ကိုများ..ကိုကိုက ကိုရီးယားမင်းသား
တွေမမှီအောင်ချောတာ.. ရှင်တို့ကမှ..
ဗမာကားထဲကမုဒိမ်းကောင်ရုပ်တွေနဲ့...
သရဲကားရိုက်ရင်ရှင်တို့ကိုအဲ့နေရာမှာ
ခေါ်ရိုက်ရမှာ...''

"ဘာ... ဂါး''
"ရှင်တို့ကဘယ်မှာလဲဘေးကဆူလိုက်တာ..''
"ဘယ်မှာမှန်းသိရင် နင်လာမလို့လား..''
"တော်စမ်းပါရှင်တို့ဆီဘာလာလုပ်ရမှာလဲ
အခု ကိုကိုဘယ်မှာလဲပဲပြော.''

"သွေးစုနာပေါက်လို့..အိမ်ထဲအောင်းနေတယ်..''
"ဟင်..ဟုတ်လား..ဒါဆိုလိပ်စာပေး
အချစ်သွားကြည့်မယ်..''
"သွေးစုနာပါဆိုမှ နင်ကြည့်လို့ရတဲ့နေရာဖြစ်မ
လား..ဆေးလေးဘာလေးလှုပ်သောက်အုံး..
ငါတို့ မအားဘူး..ထပ်မဆက်နဲ့.. အာဗြဲစိန်မ
ဒါပဲ..''

ရင်ခွင်ရိုင်း {Complete}Όπου ζουν οι ιστορίες. Ανακάλυψε τώρα