ရင်ခွင်ရိုင်း.. 💘...၁၄ရေချိုးခေါင်းလျှော်ပြီးလို့ပျို အိပ်ခန်းထဲဝင်လာတော့
ခြင်းလက်ထဲမှာကိုင်ထားတဲ့တစ်စုံတစ်ရာကြောင့် ထိတ်လန့်ပြူးပြာသွားသည်။
ပြေးပြီးသူ့လက်ထဲကလုသည်..
"ပေးပါ သူများပစ္စည်းကိုဘာယူလုပ်တာလဲ..''
သူမသိမ်းထားတဲ့လက်ကိုင်ပုဝါလေးကဘယ်လိုလုပ်ခြင်းလက်ထဲရောက်နေမှန်းမသိပါ။
"ဒါဘယ်သူ့ဟာလဲ.. မင်းဟာလို့တော့မပြောနဲ့
ဒါမိန်းကလေးကိုင်မဟုတ်ဘူး..''
အပြာရောင်လေးဖြစ်ပြီး အနားလေးထောင့်
မှာကနုတ်ပုံတွေထိုးထားသည်။ ဒါကဆိုင်မှာ
ရောင်းတဲ့ ပစ္စည်းနဲ့မတူပါ..
တော်တော်စပ်စုတဲ့ယောက်ျားပဲ။
"ပြန်ပေးပါ၊ရှင်တော်တော်စပ်စုတာပဲ..''
"ဘယ်ရည်းစားပစ္စည်းမို့တယုတယသိမ်း
ထားတာလဲ..''
ဒီလိုမေးပြီဆိုမှတော့..တော်ကြာဆံပင်တွေလိုကပ်ကြေးစာမိမှာဆိုးလို့ပျို သူ့လက်ထဲကနေအတင်းလုယူလိုက်သည်။
"ရှင်ပေါက်ကရမပြောနဲ့.. ကျွန်မမှာဘယ်ရည်း
စားမှမရှိဘူး.. "
" ဟုတ်လို့လား..ကတိက၀တ်ထားတာတဲ့ကောင်
တွေဘာတွေပေါ်လာရင်ကော.."
" ဘာမှပေါ်လာစရာအကြောင်းမရှိဘူး..ပေးပါဆို"
ပျိုကသူ့လက်ထဲကနေအတင်းလိုက်လုသည်။
သူကတမင်ညစ်ပြီးလက်ကိုမြှောက်ကိုင်ထားတာ
ကြောင့်သူ့အရပ်နဲ့ယှဉ်ရင်ပျိုမမှီနိုင်ပါ..
" ရရင်ယူလေ.."
ပျိုကလည်းမရမကခြေဖျားထောက်ပြီးလှမ်းယူ
သောအခါ..ရင်လျားထားသောပုဝါကပြေလျောကျ
လာပါသည်။
ဟင် အို!
အဲ့တော့မှကမန်းကတမ်းကောက်ဆွဲစေ့ထားရသည်။ ခြင်းကပျိုအဲ့လိုဖရိုဖရဲဖြစ်နေတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး..ပျို့ခါးလေးဆွဲဖက်ကာသူ့ရင်ခွင်ထဲတိုးဝင်စေသည်။
YOU ARE READING
ရင်ခွင်ရိုင်း {Complete}
Fantasyလွတ်လပ်ခြင်း💕ကညှာပျို လွတ်လပ်ခြင်း💕ကညှာပျို "ငါ့နာမည်အတိုင်းငါ့ဘဝကလွတ်လပ်ခြင်းရဲ့ အတိတ်နိမိတ်..''ဟုပြောတတ်သူ.. ဘယ်အချိန်ကြည့်ကြည့်ချောမောခန့်ညားလွန်းတဲ့သူ့အသွင်အပြင်ကြောင့်နေရာ တိုင်းမှာစန်းပွင့်သူ.. "ခြင်း..ငါ့ရဲ့ခြင်းလေး..'' သူကျောင်းတတ်တုန်းကဖြ...