part 12 uincode

12.1K 364 8
                                    

ရင်ခွင်ရိုင်း 💘..၁၂

"နောင်ရိုးက မိုက်လိုက်တာ...
ဝင်ပြောသွားတာဘယ်လောက်စတိုင်ကြလဲ...''
"ဟုတ်ပါ့.. ငါ့ကိုသာအဲ့လိုကာကွယ်ပေးမယ့်
လူရှိရင်သေပျော်ပါပြီ..''
"သူက အစထဲကမမပျိုကို တဖက်သတ်နော်
ကိုခြင်းဦးသွားလို့သာ..''
"အေးလေ...သူသာဆိုမမပျိုကိုတုန်နေအောင်
ချစ်မှာ..''
"အခုလည်း ကိုခြင်းမရှိတော့ဘူးဘဲ
သူပြန်ကြိုးစားချင်နေတာမှတ်လား..''

ပျို့ဝန်ထမ်းလေးနှစ်ယောက်ကဟင်းရွက်
တွေဆေးရင်း အတင်းပြောနေသည်။
"ဟေ့ ကလေးမတွေဘာလို့သူများအကြောင်း
အတင်းပြောနေရတာလဲ..''
"အတင်းမဟုတ်ပါဘူး မာမာရဲ့အမှန်ပြော
တာပါ.''
"ဟုတ်တယ်လေ..မာမာကောမမြင်ဘူးလား..
နောင်ရိုးကဟိုးအရင်ကတည်းကမမပျိုကို
ဘယ်လောက်ချစ်ခဲ့လဲ..သူဌေးသားလေးက
ဟန်ဆောင်ပြီး အလုပ်လာလုပ်တာ.သူဘယ်
လောက်အောက်ကျို့ခံလဲ..မာမာလည်းသိတာပဲ...
ကိုခြင်းနဲ့များကွာပါ့..''

"ကလေးမတွေ ညည်းတို့ကအချစ်အကြောင်း
ဘယ်လောက်သိလို့လဲ..''
"မာမာကသိတယ်ပေါ့..ဒါနဲ့များဘာလို့အပျို
ကြီးဖြစ်နေလဲ..''

"အချစ်မှာ နှစ်မျိုးနှစ်စားပဲရှိတယ်.. မိမိကိုယ်
မိမိချစ်တဲ့သူရယ်..မိမိထက်သူတစ်ပါးကိုချစ်ခဲ့သူရယ်...
ကိုယ့်ကိုယ်ကိုယ်ချစ်တဲ့သူကတော့ အချစ်ခံ
ချင်ပြီး ဘုရင်မတစ်ပါးလိုခစားပြီးချစ်မယ့်လူ
ကိုရှာတယ်.. သူ့အတွက်တော့အချစ်ဆိုတာ
အလုံးစုံရယူမှုပဲ..
သူတစ်ပါးကိုရက်ရောစွာချစ်တတ်တဲ့သူက
တော့.. ကိုယ်ချစ်တဲ့လူရဲ့ခြေတော်ရင်းမှာ
ခစားပြီးနေရမယ်ဆိုရင်တောင်အဲ့ဒီ့ဘဝကို
ကျေနပ်တယ်..
သူ့အတွက်တော့အချစ်ဆိုတာ အလုံးစုံပေး
ဆပ်မှုပဲ..
ငါကအဲ့နှစ်မျိုးလုံးထဲမပါလို့ဟေ့ ရှင်းလား..''

"ဒါဆို မမပျိုကကော ဘုရင်မမလုပ်ချင်လို့လား..''
"ပျို့ရဲ့ နှလုံးသားကိုတော့ ပျိုပဲသိမှာပေါ့..''

>>>>>>>>>>>>>>>>>>>>>>>>
မင်းထိုက်ကတွေ့ချင်တယ်ဆိုလို့ ပျိုနဲ့သား
သားက အပြင်မှာလာတွေ့ကြသည်။
ပျို့အိမ်ကိုသူလာလို့မှမရပဲ..
ပျို အဲ့အိမ်မှာနေနေတာကို နွဲ့ယိမ်းကောမင်း
ထိုက်ကောက မကြိုက်ကြပေ...

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now