part 15 unicode

12.1K 362 3
                                    

ရင်ခွင်ရိုင်း 💘..၁၅

ဘဝဆိုတာ အဆုံးအစမဲ့ပင်လယ်သမုဒ္ဓရာ

ထဲမှာ ရွက်လွင့်နေရသလိုပါပဲ..

ရေစီးတစ်ခါရေဆန်တစ်လှည့်... တစ်ခါတစ်ရံ

မှာလည်းမျှော်လင့်မထားတဲ့ မိုးသက်လေပြင်းနဲ့အတူကံကြမ္မာ

လှိုင်းလုံးကြီးတွေရောက်လာတတ်သေးသည်။

ပျိုနဲ့သူအခုလိုအခြေအနေထိဖြစ်လာလိမ့်မယ်

လို့ ဘယ်တုန်းကမှမတွေးခဲ့ပါ။သို့သော်...

>>>

"မေမေ သားသားဂိမ်းဆော့လို့ရလား...''

"အင်း ဆော့ဆော့ ဒါပေမယ့်..ခဏပဲနော်..

ကလေးကဂိမ်းအရမ်းဆော့တာမကောင်းဘူး..''

သိမ်းထားတဲ့သားသားရဲ့ဟန်းဖုန်းကိုပြန်

ထုတ်ပေးလိုက်သည်။ ဖုန်းနဲ့ဂိမ်းဆော့

တာကို ခြင်းသင်ပေးထားတာဖြစ်သည်။

သူ့ဖွားဖွား ကအရေးအကြောင်းဆိုဆက်သွယ်ရအောင် ဆင်းကဒ်အသစ်ပြန်ထည့်

ပေးလိုက်သည်။

"သားသား ဂိမ်းဆော့ပြီးခနနေနော် မေမေ

ရေချိုးလိုက်အုံးမယ်..အပြင်မထွက်ရဘူးနော်..''

"ဟုတ်ကဲ့..''

သားသားက ပျို ရေချိုးခန်းဝင်သွားတာသေ

ချာပြီဆိုတာနဲ့နံပတ်၁ကိုနှိပ်လိုက်သည်။

ခြင်းကပျိုတို့သားအမိကို မအိပ်မစားပဲလိုက်ရှာနေတာ.. ဒီနေ့ဆိုသုံးရက်ရှိပြီဖြစ်သည်။

လူအင်အားလည်းဖြန့်ကျတ်ထားပြီး ကိုယ်

တိုင်လည်း ခြေတိုမတတ်ပြေးလွှားရှာနေပါ

လျှက်နဲ့ သတင်းအစအနတောင်မရလို့

ခြေကုန်လက်ပမ်း ကျနေသည်။

ပျို.. မင်းကွာ..

**ကမ္ဘာမြေတစ်ခွင်ကို..မင်းဆံနွယ်တွေနဲ့လွှမ်းခြုံ

ထားမှာလားကွာ.**

သီချင်းသံနဲ့အတူဝင်လာတဲ့ဖုန်းနံပတ်ကအသစ်မို့ ချပစ်ဖို့လုပ်ပြီးမှ.. လက်ခံလိုက်သည်။

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now