part 10 zawgi

4.7K 60 0
                                    

ရင်ခွင်ရိုင်း.. 💘...၁၀

သူခေါ်သွားတဲ့ပွဲမှာ..
ပျို ကိုယ်ဝတ်လာတာကဇာပန်နုရောင်ဝမ်း
ဆက်လေး.ခြင်းကိုယ်တိုင်ရွေးဝတ်ခိုင်းတာဖြစ်
သည်။

.ဇာမို့တစ်ချို့နေရာတွေမှာ အတွင်းသားတွေ
မြင်နေရတာကို..ပျို့မှာရှက်လှပြီဖြစ်နေတာ..

ပွဲထဲမှာတော့အမလေးလေး... တစ်ချို့မိန်းမ
တွေကခြံထွက်အုန်းသီးတွေကိုလူမြင်အောင်
ထုတ်လှစ်ပြထားသလို..
တစ်ချို့မိန်းမတွေကြ ဂါဝန်အကောင်းအတိုင်း
ကိုပေါင်ရင်းထိရောက်အောင်တမင်ခွဲထား
လေ၏။
ယောက်ျားလေးမပြောနဲ့..ပျို့လိုမိန်းမချင်းတောင်မကြည့်ရဲဘူး..
ခြင်း အပါအဝင်သူတို့အားလုံးကတော့ဘာမှမထူး
ခြားပေမယ့်..ပျို့ အတွက်တော့တခြားကမ္ဘာ
ရောက်နေသလိုခံစားရသည်။

အစားအသောက်တွေကကိုယ်တိုင်ယူစနစ်
မို့..ပျိုလည်း ကိုယ်စားနိုင်မယ့်ထင်တဲ့ နှစ်မျိုး
လောက်ယူကာ.. ထိုင်စားနေသည်။
ခြင်းကတော့ ဘယ်ရောက်သွားမှန်းကိုမသိ..
ခုနတော့ အမျိုးသမီးတစ်သိုက်နဲ့မြင်လိုက်မိ
သည်။

ခနနေတော့ မီးရောင်တွေပြောင်းသွားကာ..
ဖွင့်ထားတဲ့ သီချင်းသံစဉ်ကလည်းပြောင်းသွားသည်။
အိုး.. ယောက်ျားနဲ့မိန်းမတွေအပြန်အလှန်ဖက်
ပြီး ဒန့်နေကြတာပဲ... လူရှေ့သူရှေ့ မရှက်ကြ
ပါလား..

ပျိုဆို ကိုယ့်အိမ်မှာတောင် ခြင်းလာပြီးပုခုံး
ဖက်လိုက်..ခါးဖက်လိုက်လုပ်ရင်မကြိုက်..
ဖယ်ချတတ်လို့ ခြင်းနဲ့ခနခနရန်ဖြစ်ရသည်။

"တစ်ယောက်ထဲလား..''
ဟင်...
"ကျွန်တော့်ကိုသိတယ်မို့လား..
အိမ်ကိုလာဘူးတယ်လေ..''
"ဪ ဟုတ်ကဲ့ သူ့သူငယ်ချင်းဆိုတာ..''

"ပျိုက စဉ်းစားနေရသေးတယ်နော်..ကျွန်ြ
တော်ဆို ပျို့ကိုဟိုအဝေးကြီးထဲကလှမ်းမြင်
တာတောင် တန်းမှတ်မိတယ်..''
"တောင်းပန်ပါတယ်ရှင့်.. ကျွန်မကမှတ်ဉာဏ်
သိပ်မကောင်းလို့ပါ..''
"အခုကစပြီး မှတ်ထားနော်..ကျွန်တော့်နာမည် သိုက်..''

"ဟုတ်ကဲ့...''
"ခြင်း အတင်းခေါ်လာတာဖြစ်မယ်..''
"ရှင်..''
"ပျိုက ဒီလိုနေရာနဲ့ မလိုက်ဖက်ဘူး..''
ဟုတ်ပါတယ်.. ယမကာခွက်တွေတကိုင်ကိုင်
နဲ့.. ယောက်ျား..မိန်းမ ရောရောထွေးထွေး
နေတာ.. ပျို အတွက်တော့စိတ်ပျက်စရာ..

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now