Chapter - 24 🌹 Zawgyi 🌹

2.2K 72 5
                                        

“ဟင်… မာန”

“ဟုတ်ကဲ့…၊ ကျွန်တော်ပါ။ မလာစေချင်တဲ့သူ ဖြစ်နေလို့ စိတ်ရှုပ်သွားသလား ကိုသံမဏိ”

ရောက်ရောက်ချင်း ထိုးနှက်သရော်လိုက်သည့် မင်းမာန၏ စကားတို့ကို မဏိ မသိကျိုးကျွန်ပြုလျက် အလှဆုံးဖြစ်အောင် ပြုံးထားရင်း တုံ့ပြန်လိုက်သည်။

“မဟုတ်တာ မာနရဲ့...၊ ကိုယ်က ကျောသားရင်သားရယ်လို့ မခွဲခြားပါဘူး။ မာနလည်း ကိုယ့်တပည့်၊ ဒဿနလည်း ကိုယ့်တပည့်ပဲလေ။ မလာစေချင်တဲ့ သူ ရယ်လို့တော့ ကိုယ့် စိတ်ထဲ သတ်မှတ်မထားမိပါဘူး။ ဒါပေမယ့်... အရိုးသားဆုံး ပြောရရင် ‌မမျှော်လင့်ထားတဲ့သူ ဖြစ်နေတဲ့အတွက်တော့ ကိုယ် အံ့ဩသွားတယ်...”

မာနက မဲ့ပြုံးလေးတစ်ချက် ပြုံးရင်း ပခုံးတစ်ချက်ကို မာန်ပါပါ တွန့်လိုက်သည်။

“မမျှော်လင့်တဲ့ သူ ရောက်လာမိတဲ့အတွက်တော့ စိတ်ကောင်းပါဘူး ကိုသံမဏိ…၊ ဒါနဲ့လေ… ကျေးဇူးပြုပြီး ကျွန်တော့်ကို မာန လို့ ရင်းနှီးချစ်ခင်သလိုလို မခေါ်ပါနဲ့လား။ ကျွန်တော့် နာမည် မင်းမာနပါ ကိုသံမဏိ”

“အိုကေလေ… သိပ်ရတာပေါ့ မင်းမာန၊ မင်း ခေါ်စေချင်သလို ခေါ်ပေးပါ့မယ်”

“ဟုတ်ပြီ ကိုသံမဏိ၊ ကျွန်တော့် လာရင်း ကိစ္စကို ပြောကြတာပေါ့…၊ ကိုသံမဏိဘာသာ မျှော်မျှော် မမျှော်မျှော်၊ ရောက်လာတဲ့ သူက ရောက်လာပြီဆိုတော့ ဧည့်သည်ပဲ မဟုတ်လား။ ဧည့်သည်ကို ဒီမှာပဲ ဧည့်ခံတော့မလို့လား…”

“ဆောရီး… ကိုယ် မေ့သွားတယ်၊ လာလေ… အိမ်ထဲ ဝင်”

သံမဏိက ခြံတခါးကို ဆိုင်ကယ်တစ်စီး ဝင်စာလောက် တွန်းဖွင့်ပေးလိုက်တော့ မင်းမာနက ဆိုင်ကယ်စက်နှိုးကာ ခြံဝန်းထဲသို့ မောင်းဝင်သွားလိုက်သည်။ မဏိ ခြံတံခါးကို ပြန်ပိတ်ခဲ့ပြီး အိမ်ထဲသို့ မင်းမာနကို ခေါ်ကာ ဝင်သွားလိုက်၏။

“လာ… မင်းမာန၊ ထိုင်…၊ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်ဆိုပေမယ့် ကိုယ့်ဘက်က ဧည့်ဝတ်ကျေပါရစေ၊ အပူလား… အအေးလား…”

“ရေအေးအေးလေး တစ်ခွက်ပဲ ပေးပါ…”

“အိုကေ…”

သံမဏိနှင်းဆီ 🌹 သံမဏိနှင်းဆီ {COMPLETE}Donde viven las historias. Descúbrelo ahora