Part-7

4K 375 14
                                    


"ခင်ဗျားပြန်မလာသေးဘူးလား ပတ်ဂျီမင်!!"

"ငါပြန်မလာဘူး"

"ငါ့ဒေါသကိုမဆွနဲ့နော်။အခုချက်ခြင်းပြန်လာခဲ့"

"မလာဘူး။ငါဂျူဝမ်နဲ့အိပ်မှာ"

"ဘာ!"

"မင်းကငါ့ဖုန်းနံပါတ်ကိုဘယ်လိုသိတာလဲ"

"ခင်ဗျားလောက်ကတော့..အသာလေးစုံစမ်းလို့ရတယ်။ပြန်လာခဲ့နော်..မဟုတ်ရင်"

"မဟုတ်ရင်ဘာဖြစ်လဲ.."

"ပြန်လာခဲ့"

"မလာဘူး"

"ပတ်ဂျီမင်!"

ချီး..ငါပြန်မလာရဲဘူးခွေးကောင်ရဲ့။ဒေါသထွက်ရင်လူစိတ်ပျောက်တတ်တဲ့မင်းဆီငါပြန်မလာရဲဘူး။

"ဖုန်းချလိုက်တော့မယ်။ဒါပဲ"

ဘယ်လောက်တောင်ဒေါသထွက်ဖို့ကောင်းတယ်ဆိုတာကြည့်။ယောကျ်ားကိုထားပြီးသူငယ်ချင်းအိမ်သွားအိပ်ရတယ်လို့။ချစ်ပါတယ်ဆိုမှနည်းနည်းလေးဖြစ်ဖြစ်စဥ်းစားပေးမှပေါ့။အခုဟာက ဟိုမိန်းမနဲ့ပဲပြန်အဆင်ပြေသွားကြပြီလားမသိ။

နမ်းနေရတယ်လို့။ဒါကျွန်တော်မကြိုက်မှန်းသိလို့တမင်ယုတ်မာတာ။အင်ယောင်းမီ ခင်ဗျားလိုမိန်းမကလေ အပေါ်ယံအလှတရားနဲ့မကောင်းတဲ့အတွင်းစိတ်ကိုဖုံးအုပ်ထားတာ။ဆင်ခြင်ဉာဏ်မရှိတဲ့ကျွန်တော့်ယောကျ်ားကခင်ဗျားကိုစွဲလန်းနေတယ်ဆိုရင်တောင် ကျွန်တော်ကအဲ့အစွဲအလန်းကြိုးကို သံယောဇဉ် ဓားလှလှလေးနဲ့ဖြတ်ပြမယ်။

ဆိုးစမ်းပါ ပတ်ဂျီမင်ရယ်။မောင့်ရင်တွေကွဲသွားအောင်မင်းဆိုးစမ်းပါ။မောင်သည်းခံပေးပါ့မယ်။ဘာလို့ဆိုဒီနေ့ကစပြီးမောင်မင်းကို အနူးညံ့ဆုံးမေတ္တာတွေနဲ့ပဲချစ်ပြသွားတော့မှာမို့။

"သားမပြန်ချင်ဘူးမေကြီးရာ။အဲ့ကောင်ကဒေါသထွက်ရင်ကြောက်ဖို့ကောင်းတယ်"

"မြေးဂျောင်ကုငိုနေတယ် မြေး"

"ဗျာ..ဘယ်သူငိုတာ"

"မြေးခင်ပွန်း ဂျွန်ဂျောင်ကုလေ"

"ဒီတိုင်းဂျွန်ဂျောင်ကုဆိုလည်းရပါတယ်ဗျာ"

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now