Part-21

2.9K 270 3
                                    

"ပန်းတွေကိုသဘောကျလားSeokလေး"

"အင်း..အရမ်းသဘောကျတယ်။ ပန်းလေးတွေကလေ..သိပ်ဖြူစင်တာပဲနော်။ ကျွန်တော်ကပန်း​လေးတွေထဲမှာဆို အဖြူရောင်နှင်းဆီလေးကိုအရမ်းသဘောကျတာ"

ပန်းတွေအများကြီးထဲမှာမှ နှင်းဆီဖြူကိုသဘောအကျဆုံးဟုရေရွတ်ရင်းမဲ့ကျသွားတဲ့မျက်နှာပိုင်ရှင်လေးကြောင့် ဂျွန်းစိတ်ပူစွာ ပုခုံးလေးအားလှမ်းဖတ်လိုက်မိသည်။မျက်ဝန်းငယ်တွေက မနေ့တနေ့ကအဖြစ်အပျက်တွေကိုမမေ့နိုင်သေးဘူးထင်ပါရဲ့။

"အဲ့လူကပြောတယ်လေ..သူနဲ့ Jungကဘာမှမဆိုင်ဘူးတဲ့..seokလေးက ဘာတွေစိတ်ပူနေတာလဲ"

ကလေးလေးက မဖြစ်သင့်တဲ့ ပေါင်းစပ်မှုတစ်ခုကိုမျှော်လင့်နေလည်း ပြေးထွက်နေတဲ့သံယောစဥ်တွေကတော့ တားတားမြစ်မြစ်ပဲ။သိတယ်။ သူမချစ်သင့်တဲ့ လူတစ်ယောက်ကိုချစ်နေတယ်ဆိုတာ ဂျွန်းသိတယ်။ အဲ့လူက ဒီကလေးလေးကိုမှအမုန်းကြီး မုန်းနေရပါတယ်ဆိုတာလည်း ဂျွန်းသိတယ်။ဒီကလေးအပေါ်ခက်ထန်မှုတွေကိုမနှစ်သက်ပင်မဲ့ အနာဂတ်အတွက်တော့ ကျေနပ်မိတယ်။ မျက်နှာလေးညှိုးကျသွားရင်တောင် ညတွေဆက် အိပ်မရတဲ့အထိ ဂရုတွေစိုက်ချင်ခဲ့တဲ့အထိ သံယောစဥ်ရှိရပါသောဒီကလေးလေးအား တခြားသော စိတ်တွေရှိ​နေတယ်ဆိုတာ ဂျွန်းကိုယ့်ကိုကိုယ်သိပါတယ်။မငိုရဘူး။မမဲ့စေချင်ဘူး။ အနာတရဆို အဝေးကြီး ပိုးကောင်လေးတွေအနားပျံဝဲနေရင်တောင်အလန့်ကြီးလန့်ရသည့် စိတ်မချခြင်းတွေအား ဘယ်လိုဖုံးဖုံး ဖုံးဖိမရခဲ့တာတွေက ဒီကလေးတင်မဟုတ်ဘူး ဘေးလူတွေကပါရိပ်မိသည်အထိ ဂျွန်း အချစ်တွေပေါ်ခဲ့တယ်။ ရင်ခုန်ရာဟာ တခြားသောလူအတွက် ပေးဆပ်ဖို့ပဲစဥ်းစားနေတယ်ဆိုလည်း နှစ်သိမ့်စကားတွေသာပြောပေးပြီး အနားမှာအဖော်အဖြစ်ရော၊
စောင့်ရှောက်သူအဖြစ်ပါဂျွန်းကသိပ်အားကိုးရတဲ့သူ။ ကလေးလေးကြောင့်နာကျင်ရတဲ့နေ့ဆိုတာရှားတယ်။ ဒီကလေးဟာ အမြဲတမ်း
ဂျွန်းအတွက်ပျော်ရွှင်ခြင်းလေး။ အနီးကပ်ရင်တွေခုန်ရတဲ့အပေါ် မငြူမစူ ပြုံးပြုံးလေးချစ်ခွင့်ပေးတဲ့ ကလေးလေးက သူ့ရင်တွေနာကျင်လာရင်လည်းအားမနားစတမ်း ထိုသို့ ပြုမူတတ်သေးတာ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now