Part-28

2.9K 239 24
                                    

ဘဝမှာမချစ်စဖူးသူလေးတစ်ယောက်တည်းကိုချစ်မိပြီးကတည်းကဒီလူသားလေးနဲ့အတူပျော်ရွှင်ချင်သောစိတ်တွေဟာဒီခန္ဓာကိုယ်ရဲ့သွေးစီးကြောင်းတွေထဲအချိန်တိုင်းစီးဆင်းနေခဲ့တယ်။သူ့ကိုချစ်နေရလို့၊သူ့အချစ်ကိုခံနေရလို့မာန်လေးနည်းနည်းတက်ချင်နေတဲ့
ကိုယ့်ကမ္ဘာဟာသူလှည့်မကြည့်တော့တဲ့အခါကျဘယ်နေရာမှာများကြည်နူးစရာနဲ့ပီတိဖြစ်စရာရှိပါ့တော့မလဲ။အချစ်ရေ မင်းမရှိရင်ကိုယ်လည်းမရှင်သန်နိုင်ပါဘူးဆိုတာတွေဟာအမှန်တကယ်စစ်မှန်တဲ့မေတ္တာတွေမှာရှိပါတယ်။ဒီလူသားလေးကိုမင်းတကယ်ချစ်ရဲ့လားဆိုတာနှစ်ခါပြန်စဥ်းစားစရာကိုမလိုအောင်ကိုဂျွန့်မေတ္တာတွေတင့်တယ်ခဲ့တာအားလုံးသိတဲ့အတိုင်းပဲ။

ယုယစရာလေးက ကတိတွေဖျက်သွားတဲ့ခဲ့အခါ၊ကြင်နာစရာလေးကကျောခိုင်းသွားခဲ့တဲ့အခါ၊မေတ္တာတရားတွေနေရာသစ်မှာအခြေချသွားတဲ့အခါ ဆက်ချစ်နေရဆဲနှလုံးသားတွေမှာသူသူငါငါကတော့သေမတတ်သောနာကျင်မှုတွေကိုခံစားရမှာပဲ။ချစ်ခြင်းတွေရဲ့ထုံးစံမှာပိုချစ်တဲ့သူကပိုပြီးနာကျင်ရမှာပဲတဲ့။သတ်မှတ်ချက်တွေကိုချိုးဖျက်လို့ဒီအမျိုးသားလေးအပေါ်ဂျွန်မြတ်နိုးခဲ့မိပါရဲ့။ပျော်ရွှင်ခြင်းတွေအစပိုင်းမှာတလွဲတချော်တွေဖြစ်ခဲ့လည်း အလယ်ပိုင်းမှာအဆင်ပြေခဲ့လို့ကျေးဇူးပါကံကြမ္မာကြီးရယ်။အဆုံးသတ်သွားတော့မည့်ကျွန်တော့်ဘဝကြီး၊နိဂုံးချုပ်ရတော့မည့်ကျွန်တော့်နှလုံးသားစာလွှာပေချပ်ကြီးကအဆုံးသတ်မလှပင်မဲ့အချိုးအ​ကွေ့တစ်ခုမှာသိပ်လှခဲ့လို့မင်းကိုလည်း​ကျေးဇူးတင်ပါတယ်။အဝေးမှာမဟုတ်ပဲအနီးနားလေးတင်နာကျင်မှုတွေပေးရက်တဲ့ အချစ်ငယ်ကိုနောက်ဆုံးအနေနဲ့အစစအရာရာဂရုစိုက်ဖို့မှာချင်သေးတယ်။

မင်းပျော်အောင်နေပါ၊ကိုယ့်ကိုတကယ်ပဲပစ်ခွာနိုင်ပြီးပြီဆိုတော့ ရင်ခွင်သစ်ဆီမှာတစ်ဘဝစာလုံးကောင်းကင်ထက်က ကိုယ်ကြည့်နေတဲ့အခါတိုင်းအပြုံးလေးတွေလန်းဆန်းနေအောင် နေထိုင်ပါ။မင်းလှည့်မကြည့်ချင်ခဲ့တဲ့ကိုယ့်မျက်နှာကိုတစ်သက်လုံးမင်းမမြင်စေရတော့ပါဘူးအချစ်ရယ်။မင်းနှုတ်ဖျားကချစ်တယ်ဆိုတာကို ကိုယ်ထပ်ကာထပ်ကာကြားခဲ့ဖူးပြီ။မင်းရဲ့ချစ်စရာအပြုအမူလေးတွေကိုအကြိမ်ကြိမ်ကိုယ်တွေ့မြင်လို့အသည်းတွေယားခဲ့ဖူးပြီ။မင်းပါးရဲရဲလေးတွေကိုကိုယ်သေသေချာချာလေးမွှေးကြူခဲ့ပြီးပြီ။မင်းခန္ဓာငယ်ရဲ့လျှို့ဝှက်ချက်လှလှလေးတွေကိုကိုယ်သေချာလေးမှတ်သားခဲ့ဖူးပြီ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now