Part-26

2.7K 244 22
                                    

"Dinner ကသောက်ရမ်းမိုက်တယ်..နှစ်ချို့ဝိုင်အကောင်းစားကြီးကလည်း သောက်ရမ်းမိုက်..ဂျောင်က တကယ်အမြင်ရှိတာပဲ..ကျွန်တော်သဘောကျတယ်..ဟဟ.."

ရီဝေဝေညလေးရဲ့အစမှာJungရဲ့အပြုံးတွေလန်းဆန်းနေခဲ့တယ်။ကြင်နာသူရဲ့မူးဝေသံသေးသေးလေးဟာပတ်ဝန်းကျင်အတွက်အနှောင့်အယှက်ဖြစ်စေနိုင်တယ်ဆိုပင်မဲ့လည်းအနောက်ဘက်ဆီမှအပြုံးတွေနဲ့လူအတွက်တော့ထိုအသံတွေဟာချိုသာမှုအဆုံးအစမဲ့ခဲ့သည်လားပဲ။မှိတ်တုတ်မှိတ်တုတ်အလုပ်လုပ်နေတဲ့မီးသီးလေးတွေကထိုညထိုလူနှစ်ယောက်ရဲ့အခိုက်အတန့်တွေကိုမသိမသာခိုးချောင်းနေသလို။အရာရာငြိမ်သက်နေသည့်တိုင်အသံပေါင်းစုံထွက်နေတဲ့ထိုဝန်းကျင်လေးကတော့ခပ်မှောင်မှောင်နဲ့မေတ္တာစိတ်တွေအလုအယက်ပြေးဝင်နေသည့်အလားအရက်ကလေးဝင်သွားတိုင်းပြောင်းလဲသွားတတ်တဲ့ပတ်ဂျီမင်ရဲ့တစ်ဖက်ခြမ်းကိုဂျောင်ဟိုဆော့တို့အူယားနေရတာပေါ့။

"မူးနေပြီမလား.."

"မူးစရာလား..ထပ်သောက်ဦးမှာ..ပေး..အဲ့ဒီ့ကအစ်ကိုကြီးရဲ့ အဖိုးတန်ဝိုင်ဆိုတာကြီးကို ကျွန်တော့်ကိုပေးပါဗျ"

ချစ်စရာကောင်းနေမှုတွေဟာအခုချက်ချင်းကောက်ပွေ့ပြေးယူသွားပြီး အပိုင်အဖြစ်တံဆိပ်တွေကိုအထပ်ထပ်နှိပ်ချင်သောပဲ။နှလုံးသားတွေထဲတေးမှတ်ထားပြီးသားရက်စွဲလေးကနေ ထပ်ပြီးမှတ်ထားသင့်တဲ့ရက်လေးကိုရောက်လာပြန်ပြီ။

"ရော့..စိတ်ကြိုက်သောက်..လွတ်လွတ်လပ်လပ်ပျော်ပစ်လိုက်..မင်းက ဘယ်သူ့လူဆိုတာတွေကိုမေ့ပစ်ထားပြီး စိတ်လိုလက်ရပျော်ပါးပစ်လိုက်ပါဂျီမင်..ကိုယ်နဲ့နှစ်ယောက်တည်း..ဒီညလေးကို ကျော်ဖြတ်ကြမယ်"

အဖြူရောင်အမှုန့်လေးတွေရောနေတဲ့ဖန်ခွက်လေးထဲ ဝိုင်​တွေထည့်ကာမူးဝေနေသူလေးအားကမ်းပေးလိုက်သည်။မေတ္တာတွေတော့ဒီညမဲမှောင်ပြိုကျကုန်တော့မှာပဲ။

"Jungလဲသောက်ပါ..ပျော်ပျော်ပါးပါးပေါ့..ဘာသရဲမှလဲကြောက်စရာမရှိတော့ဘူး..အားလုံးအေးဆေး"

တဖြူးဖြူးတိုက်ခတ်နေတဲ့လေပြည်နုနုလေးတွေက တစ်ချိန်တစ်ခါကညတစ်ညရဲ့ခိုးချောင်ခိုးဝှက်အမှတ်တရလေးတွေကိုသတိရစေတာပေါ့။ Jungကပြန်တွေးရင်းခပ်ဆွေးဆွေးအပြုံးလေးတချို့ကိုဖန်ဆင်းကာတစ်ဖက်ကကောင်ငယ်လေးအားဝိုင်ခွက်လေးအားပင့်မြှောက်ပြလိုက်သည်။ရီဝေဝေအပြုံးလေးနဲ့ သူသိပ်လှနေတော့မတရားချစ်ပစ်ချင်နေတဲ့ကျွန်တော့်စိတ်တွေကိုထိန်းချုပ်မရတာမဆန်းလောက်ပါဘူး။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now