အရာရာအဆင်ပြေနေပြီလို့ပဲဆိုရမလား ကျွန်တော်တို့အိမ်ထောင်ရေးလေးကအခုတော့သာသာယာယာပါပဲ။ မနက်ခင်းတိုင်းသူ့အပြုံးလေးနဲ့နိုးထတယ်။ နေ့လည်ဘက်တွေတိုင်းသူ့နဖူးလေးကိုအနမ်းလေးပေးလို့မနက်ခင်းရဲ့ပင်ပန်းရသမျှကိုဖြေဖျောက်တယ်။ညနေအိမ်ပြန်ချိန်တွေဆို သူ့ရင်ခွင်လေးထဲတိုးဝင်လို့တစ်နေ့တာရဲ့အလွမ်းတွေအတွက်နဲ့လူကြီးဖြစ်နေပါပြီဆိုလည်း ကလေးလေးလိုကျွန်တော်ချွှဲနွှဲ့နေချင်သေးတာပဲ။အခုနောက်ပိုင်းကျွန်တော်ဟာ ကျွန်တော့်အမျိုးသားရဲ့ကလေးလေး။ အမြဲတမ်းကာကွယ်ပေးချင်နေတဲ့စိတ်အစုံက အလုပ်ကနေအိမ်ပြန်ရောက်တာနဲ့ ကလေးလိုဖြစ်ခဲ့ပြီ။အရင်ကလို စိတ်ညစ်စရာတွေမရှိတော့ပါဘူး။ကျွန်တော့်ယောကျ်ားရဲ့ တာဝန်သိမှုတွေနဲ့ ချစ်ပေးနေမှုတွေက နောက်တခါနာကျင်ရဦးမှာလို့မတွေးရဲတော့သည်အထိ ပျော်ရွှင်နေရပြီ။ အင်း အပျော်ဆုံးလို့တောင်ပြောရမလားပဲ။ ဂျွန်ဂျောင်ကုတို့အရမ်းအချစ်ခံနေရတယ်လေ။
"မောင်ပြန်ရောက်ပြီဗျ"
"ပြန်ရောက်ပြီလား..ပေးအိတ်..ခဏထိုင်နေဦးနော်..ငါအအေးသွားဖျော်ပေးမယ်"
"မလိုပါဘူး..မောင်လိုအပ်နေတာ မင်းယုယလေးမှုလေးတစ်ခုတည်း..နေ့တိုင်း မောင်ဘာလိုအပ်နေလဲဆိုတာကိုမင်းတကယ်ပဲ ကျင့်သားမရသေးတာလားဂျီမင်"
ဟော ဒီလိုကလေး ဂျွန်ပေါက်တို့စိတ်ကောက်သွားပြီ။ သူငယ်ပြန်လာတာလား။ ဘာလားမသိပင်မဲ့ ကျွန်တော်တို့အိမ်ထောင်ရေးအဆင်ပြေခဲ့တဲ့အချိန်ကစလို့ ဂျွန်က ကလေးဆန်လာတော့တာပဲ။ ထစ်ကနဲဆို နှုတ်ခမ်းဆူပြီ။
"မဟုတ်ပါဘူးကွာ..မင်းမောနေမှာစိုးလို့.."
"မမောပါဘူး..မောင်က မောင်အခုလိုအလုပ်ကပြန်လာတဲ့အချိန် မောင်ပြန်လာပြီဆိုပြီး မင်းပြေးဖက်မှာကို.."
"ဂျွန်..ကလေးကလားနဲ့"
"တွေ့လား..ယူထားတာကြာပြီဆိုတော့ ဒီယောကျ်ားကိုငြီးငွေ့နေပြီဆိုတဲ့သဘောလား ဂျွန်ဂျီမင်..ဒီယောကျ်ားကဘာကိုသဘောကျလဲဆိုတာသိရက်သားနဲ့.."
YOU ARE READING
အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)
Fanfictionချစ်ပြီးရင်းချစ်သွားမှာထက်မုန်းလွန်းလို့ချစ်သွားမှာကိုကျွန်တော်ပိုကြောက်တယ်။