Part -27

2.8K 243 33
                                    

"ခင်ဗျားကိုအဲ့လောက်ထိယုတ်မာမယ်လို့မထင်ခဲ့တာ Jung Hoseok..ခင်ဗျားကမယုံကြည်သင့်တဲ့လူပဲ..မကောင်းတဲ့လူ..ခင်ဗျားကိုကျွန်တော်မုန်းတယ်"

"ကိုယ်ကတော့ချစ်တယ်လေ..မုန်းတာကတော့မင်းအပိုင်းပဲ"

ယုံကြည်မှုဆိုတာ ဒီလူအတွက်မထားသင့်လည်းကျွန်တော်ဂျွန့်ကိုတောင်ဆန့်ကျင်ပြီးယုံကြည်ပေးခဲ့တာ။မေတ္တာတရားတွေကိုသူ့ခမျာတောင်းတနေရှာမှာပဲဆိုပြီးကိုယ့်ကိုမှန်းဆနေတဲ့လူမှန်းသိတာတောင်ယုံကြည်မှုတွေပေးခဲ့တဲ့ကျွန်တော့်ကိုသူမို့လို့လုပ်ရက်တယ်။မှတ်တမ်းတွေတင်ထားတယ်တဲ့လေ။ဘယ်လောက်တောင်ပျော်ပါးခဲ့ကြလဲဆိုတဲ့ရှက်စရာကောင်းတဲ့စကားတွေကို ကျွန်တော်နိုးလာတည်းကသူတဖွဖွပြောနေခဲ့တာ။

"ကျွန်တော့်မှာယောက်ျားရှိတယ်.."

"သိတယ်လေ..အဲ့တာကြောင့်မို့ဒီနည်းနဲ့အပိုင်သိမ်းရတာပေါ့"

"ခင်ဗျား!"

စွဲလန်းမှုတွေအဆုံးမဲ့သွားရင်သိပ်ကြောက်ဖို့ကောင်းတယ်။သိပ်ချစ်လို့ပါဆိုပြီးမပိုင်ခင်ယုယခဲ့သမျှတွေဟာပိုင်ပြီးလို့သတ်မှတ်ပြီးတာနဲ့အစစအရာရာမှာတစ်ယောက်တည်းအတွက်ပဲစဥ်းစားပေးချင်တော့တာမျိုးပေါ့။ဒီလူသားလေးကပဲသူ့အတွက်အရေးပါတယ်။အခြားသောလူတွေကရှောင်ဖယ်ချင်စရာတွေပဲလေ။ကလေးဘဝတည်းကဘယ်သူနဲ့မှပတ်သက်ခဲ့ဖူးတာမဟုတ်ဘူး။ဒီကလေးလေးကသာပထမဆုံးပတ်သက်ဖူးတဲ့လူ။တစ်ညလုံးမအိပ်ခဲ့ပါဘူး။နောက်နေ့နောက်နေ့တွေအတွက်၊ဆိုးသွမ်းလာမည့်နေ့ရက်တွေအတွက်Jungအစီအစဥ်တွေချနေခဲ့တာ။ဒေါသမျက်ဝန်းလေးတွေနဲ့ရဲတောက်နေတဲ့မျက်နှာဖူးဖူးလေးအားအနမ်းတစ်ချက်ကိုရုန်းနေရင်းကြားမှမရမကနမ်းပစ်လိုက်ပြီးJungကအောင်နိုင်သူတစ်ယောက်လို​အော်ရယ်တော့သည်။

"တစ်ညလုံးပဲအတူတူရှိပြီးပြီ..နမ်းတာလေးကိုဘာလို့ရှက်နေတာလဲ..ထူးဆန်းတယ်နော်ဂျီမင်က.."

"ရွံစရာကောင်..ငါ့အနားမလာနဲ့"

"စကားတွေကရင့်လိုက်တာကွာ..မနေ့က သူမဟုတ်တဲ့အတိုင်းပဲ"

"Jung Hoseok!!!"

Jungဟာကလေးငယ်ပေးလိုက်သောထိုးချက်ဒဏ်ရာလေးကိုရှောင်ရှားခြင်းမပြုခဲ့ဘူး။အသည်းတွေယားနေရတာတစ်ညလုံးပဲ၊အခုလည်းအသည်းတွေပိုနေရပြန်ပြီ။နူးနူညံ့လက်ဖမိုးလေးနာများသွားမလားဟုဆိုကာဆွဲယူကာဖွဖွလေးကိုင်တွယ်မိ​တော့ တွန်းထုတ်ရှောင်ဖယ်ကာကုတင်ထောင့်သို့ကပ်သွားခဲ့သောကိုယ့်ရဲ့ကလေးငယ်လေးက
ကိုယ့်ကိုဘယ်လောက်တောင်များမုန်းနေလိုက်မလဲ။မုန်းနေမှာသိရက်နဲ့တောင်ဒီကောင်ကြီးကရူးခဲ့မိတာပါကလေးရယ်။မင်းကိုလိုချင်လွန်းလို့ရူးခဲ့ရခြင်းတွေပါ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now