Part-14

4.2K 354 8
                                    

"အန်ကယ့်ဘက်က ယုံကြည်မှုရှိတယ်ဆိုရင် ယောင်းမီတို့ဒီအလုပ်ကိုဆက်လုပ်ကြတာပေါ့"

"အန်ကယ်မင်းကိုဘယ်လိုယုံကြည်ရမလဲ"

"ဒါကတော့..အရင်ဆုံးလက်တွဲပြီးလုပ်ကိုင်ကြည့်တာပေါ့။ ယောင်းမီလည်း လူတစ်ယောက်ကိုလွယ်လွယ်မယုံတတ်ဘူးလေ"

"သားငယ် ဂျောင်ကုကတော့ တော်တော်လေးတော်ပါတယ်။မင်းအကြောင်းလည်းအန်ကယ်ကြားထားတယ်။မင်းတို့မောင်နှမနှစ်ယောက်လုံးကကိုယ်စီထူးချွန်ကြတယ်လို့ အခြားလုပ်ဖော်ကိုင်ဘက်တွေဆီကကြားရတယ်။ဒါနဲ့..မင်းကဘာလို့ Jeonကုမ္ပဏီကနေခွဲထွက်လာရတာလဲ"

"အဲ့တာက ယောင်းမီ..ကိုယ်ပိုင်အလုပ်လေးလုပ်ကြည့်ချင်လို့ပါ။ ပြီးတော့ ဒီဟိုတယ်လုပ်ငန်းဆိုတာ ယောင်းမီလုပ်ကြည့်ချင်တဲ့ လုပ်ငန်းလေးတစ်ခုမို့ပါ"

"ကောင်းတယ်ကောင်းတယ် အဲ့လိုစိတ်မျိုးလေးကိုအန်ကယ်သဘောကျတယ်။
အန်ကယ့်သားကိုလည်း အဲ့လိုစိတ်မျိုးလေးရှိစေချင်တာ..ဒါပင်မဲ့..."

"သေချာဖြောင်းဖြကြည့်ပါလား..ဂျီမင်ကထင်သလောက်မဆိုးပါဘူး"

"ဟင်းဟင်းး..ဖြောင်းဖြလို့ရပါ့တော့မလား။မှီခိုရမည့်လူရှိနေပြီလေ"

သဘောတကျရယ်မောလိုက်တဲ့ဂျီမင့်ဖေဖေကိုယောင်းမီသေချာအကဲခတ်ကြည့်သည်။
အယုံသွင်းရလွယ်တယ်။ဖြစ်လာမည့်အကျိုးဆက်တွေကိုမတွေးပဲလက်ရှိအကျိုးအမြတ်ကိုပဲတွေးတတ်တဲ့လူမျိုး။
စီးပွားရေးလောကထဲမှာPark Groupကဘာလို့များအောင်မြင်နေရတာလဲ။

"အလုပ်ကိစ္စလေး..ဆက်ပြောကြမလားအန်ကယ်"

"အေးအေး..ဆက်ဆွေးနွေးကြတာပေါ့။ အန်ကယ်တော့စိတ်ဝင်စားတယ်ကွာ။အန်ကယ်တို့ကုမ္ပဏီက အဝတ်အစားBrandတွေပဲထုတ်လုပ်တော့ ဟိုတယ်လုပ်ငန်းဘက်ကိုနည်းနည်းစိတ်ဝင်စားတယ်။မင်းကိုယုံလိုက်မယ်နော်...ယုံရမှာလား.."

"ဟုတ်ကဲ့..အန်ကယ်စိတ်မပျက်စေရပါဘူး
ရှင့်"

အောင်မြင်သွားပြီဆိုသောအခြေအနေမှာယောင်းမီအပြည့်အဝမပျော်ရဲ။ဟိုတယ်လုပ်ငန်းဆိုတာသူမလည်းတခါမှလုပ်ဖူးတာမဟုတ်။အလှကုန်ပစ္စည်းတွေနဲ့သာနှောကြေနေတာမို့ တဖက်လူကိုပိုင်နိုင်စွာကစားနိုင်ဖို့အတွက် နောက်ခံကောင်းကောင်းတစ်ခုကတော့လိုအပ်တယ်။အဆင်သင့်စွာပဲနိုင်ငံရပ်ခြားဆီမှ လူတစ်ယောက်ရဲ့ကမ်းလှမ်းချက်ကြောင့်ယောင်းမီအစီအစဥ်အသစ်တွေတိုးခဲ့ပြန်ပြီ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now