Part-23

2.6K 257 6
                                    

"ကြိုက်တာရွေးနော်"

"မလိုပါဘူးJungရဲ့..ကျွန်တော့်မှာအများကြီးရှိပါတယ်"

သူပိုင်တာပါဆိုတဲ့ Mallတစ်ခုဆီသို့ခေါ်လာကာ အဝတ်တွေရွေးယူခိုင်းနေတဲ့Jungအား နားမလည်နိုင်ပါ။ အားလပ်ရက်မို့ Jeonနဲ့Dateဖို့ချိန်းထားတာကို အလုပ်ကိစ္စအရေးကြီးပါတယ်ဆိုပြီး အမြန်လာခိုင်းတာ ဒီလိုအဝတ်တွေ ရွေးယူခိုင်းဖို့လား။ တန်ဖိုးကြီးပစ္စည်းတွေဆိုပင်မဲ့ ကျွန်တော်နဲ့Jungကဘာဆိုင်လို့ ယူခွင့်ရှိရမှာလဲ။ ပြီးတော့ Jeonနဲ့တွေ့ဖို့အချိန်ကလည်းနီးနေပြီ။

"ကိုယ်က စေတနာနဲ့ပေးတာပါ။ မင်းတစ်ယောက်တည်းမဟုတ်ဘူး။ ယောင်းမီကိုလည်း ကိုယ်လက်ဆောင်ပေးတယ်"

"ဗျာ..သြော်..ဟုတ်ကဲ့"

"ယူလေ..ဂျီမင်နဲ့ လိုက်တာလေးတွေကိုယ်ရွေးပေးမယ်။ မနက်ဖြန်ကျ ခရီးကသွားရတော့မှာဆိုတော့ လုံလုံလောက်လောက်ရှိ
သင့်တယ်"

"ကျွန်တော့်မှာရှိပါတယ်..ဟိုလေ..ကျွန်တော်.."

"အလုပ်ကိစ္စဆိုတာက တကယ်ရှိပါတယ်။ ဒီနေရာမှာပဲ နိုင်ငံခြားက ကိုယ့်အသိတစ်ယောက်နဲ့တွေ့ဖို့ချိန်းထားတယ်လေ..ဟိုတယ်ကိုဦးစီးနေတဲ့ လူတွေနဲ့ မိတ်ဆက်ပေးချင်တာ..အဲ့ကြောင့်လမ်းကြုံတုန်း ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေကို လက်ဆောင်လေးတွေပေးတာပါ။ ယူနော်..လာ..ကိုယ်ရွေးပေးမယ်"

လက်လေးကို ဆွဲကာ လိုက်ဖက်မယ်ထင်တာလေးတွေရွေးပေးမယ်ဆိုတာထက် Jungဟာ ကြုံတုန်းအချိန်အခါလေးမှာ ဒီလူသားလေးရဲ့လက်ကလေးတွေကိုဆုပ်ကိုင်ချင်ခဲ့တာ။
လိုက်ဖက်မယ်ထင်တဲ့အဖိုးတန်Brand​တွေအစား တစ်ဖက်သတ်ဆိုတဲ့ အာဏာစက်အောက်က ကိုယ်လိုကောင်က မင်းနဲ့ပိုလိုက်ဖက်မယ်ထင်တယ်ကလေးငယ်။

JungဟာMallထဲ အပြုံးလေးတွေဝေဆာနေပြီး လိုက်ဖက်မယ်ထင်တဲ့အရာအားလုံးကို ကိုယ်လုံးလေးနဲ့တိုင်း တိုင်းကြည့်ပြီး သိပ်ကိုလိုက်ဖက်သွားတဲ့အခါအသည်းယားစွာ ပြုံးပြလာတတ်သည်။ သူ​ရွေး​ပေးတဲ့အဝတ်အစားတွေနဲ့ကလေးလေးက သိပ်
ကြည့်ကောင်းနေလို့မဟုတ်ပါဘူး။သူလက်လေးတွေကိုဆွဲပြီး လျှောက်သွားနေတာကို ကလေးလေးကမငြင်းလို့ သဘောတွေကျနေခဲ့တာ။ ခဏတာဆုပ်ကိုင်ခွင့်ရတဲ့မပိုင်ဆိုင်နိုင်သေးတဲ့လက်တစ်စုံကလည်း ဘဝမှာ တစ်ခါလောက်တော့ အကန့်အသတ်မဲ့အောင်ကိုပျော်ရွှင်​စေတာပါပဲ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now