Part-19

2.8K 290 5
                                    

"ဘာ!!"

"ဟုတ်ပါတယ်သူဌေးဂျွန် ဒီကုမ္ပဏီမှာရှယ်ယာအများဆုံးက သူဌေးဂျွန်ရဲ့အစ်မ
ဂျွန်ယောင်းမီပါ"

အစည်းဝေးခန်းထဲ ကြားလိုက်ရတဲ့အမင်္ဂလာစကားက အောင်မြင်ပြီးသားကျွန်တော့်အနာဂတ်နဲ့ သွားလေသူဒယ်ဒီရဲ့ဆန္ဒတွေအားဖျက်စီးပစ်လိုက်သလို။

"ဘယ်လိုလုပ်ပြီး.."

"ရှယ်ယာဝင်ထားတာ မကြာသေးတဲ့ သူဌေးဂျောင်က ငွေတွေအများကြီးပေးပြီး ရှယ်ယာရှင်တွေကို စည်းရုံးသွားတဲ့ပုံပါပဲ။ ကျွန်တော်တို့လည်းဘာမှမတတ်နိုင်ခဲ့ဘူး။ ရှယ်ယာတွေအားလုံးကိုဝယ်ပြီး သူဌေးအစ်မနာမည်နဲ့လွှဲပြောင်းပေးခဲ့တာပါ။ အဲ့အတွက်ကြောင့် အခု သူဌေးဂျွန်က နေရာကနေဖယ်ပေးပြီး..."

"သိပါပြီ..ကျွန်တော်အားလုံးကို နားလည်ပြီမို့ ဘာမှဆက်ပြောဖို့မလိုပါဘူး..ကျွန်တော်ဖယ်ပေးပါ့မယ်။ ခင်ဗျားတို့လည်း အဆင်ပြေပါစေဗျာ"

"ကျွန်တော်တို့လည်း..."

ဝမ်းနည်းရိပ်တွေအားဖုံးကွယ်ကာ လက်တစ်ချက်ကာပြရင်းထိုနေရာမှထွက်ခွာလာခဲ့သည်။သိခဲ့ရမှာ။ အကြံအစည်တွေကိုရိပ်မိခဲ့ရမှာ။ တစ်နေရာတည်းစုရုံးတွေ့ရှိလိုက်ပြီးတည်းက အားလုံးနားလည်ခဲ့ရမှာ။ဒီအခြေအနေတွေအထိ ကျွန်တော်မထင်ခဲ့မိဘူး။အချစ်ကို နည်းနည်းလေးထိချင်ရုံလို့ထင်ခဲ့မိတာ။တစ်ဘဝလုံးကိုဖျက်စီးပစ်ချင်နေတယ်လို့ မထင်ခဲ့မိပဲ အဲ့အချိန်တွေထိထိုလူကိုကျွန်တော်ယုံခဲ့မိတာ။ တစ်ကြိတ်တည်းတစ်ဉာဏ်တည်းဆိုတာကိုအစတည်းက အသိအမှတ်ပြုခဲ့ရင်ဖြင့် ဒယ်ဒီ့အမွေအနှစ်တွေကိုထိန်းသိမ်းနိုင်လိမ့်မယ်ထင်တယ်။

"ဒယ်ဒီ.."

တင်းထားသမျှအားအင်တွေဟာဒယ်ဒီ့အုတ်ဂူရှေ့ရောက်သည်နှင့်ယိုင်လဲကုန်သည်။
ဂျွန်ဟာဒူးထောက်ရက်နှင့်မျက်ရည်တွေသွန်လျက် ကလေးလေးလိုဟန်ဆောင်မှုတွေကွာချပစ်သည်။

"ကျွန်တော်..ကျွန်တော်.. တောင်းပန်ပါတယ်"

ငယ်စဥ်တည်းက ဒယ်ဒီ့ရဲ့အားကိုးမှုကြီးဖြစ်ခဲ့သူဟာအခုများဆိုရင်ဖြင့်အသုံးမကျလိုက်​လေခြင်းဆိုပြီး ယူကျုံးမရခြင်းတွေဟာဂျွန်ဦးနှောက်ထဲပြည့်နှက်နေလျက်။ဓာတ်ပုံလေးအားကြိမ်ဖန်များစွာဦးခိုက်ရင်း နှုတ်ဖျားထက်က အရေအတွက်များစွာတောင်းပန်စကားဆိုသည်။ထိုစကားတွေကိုပဲ ဆက်တိုက်ရေရွတ်နေခဲ့ပြီး နေ့လည်ခင်းကစ တစ်ညတာလုံးအငိုဆက်တော့မည်လား။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now