Part-11

3.7K 315 2
                                    


"ငါပြန်ရောက်​နေပြီJeon"

ဖုန်းထဲကနေကြားလိုက်ရတဲ့အသံတိုးလျလျလေး။ အဖိုးတန်လူသားလေးတောင်ကိုယ့်အနားပြန်ရောက်လာခဲ့ပြီတဲ့လား။ချစ်ခြင်းတွေအရောင်မပါခဲ့ပင်မဲ့သံယောစဥ်တွေမခိုင်မြဲခဲ့ပါဘူးဆိုဘယ်သူယုံပါ့မလဲ။ကိုယ်ပျော်တယ်ထယ်။ ကိုယ့်အနားပြန်လာခဲ့ပေးလို့။

"တစ်ယောက်တည်း ပြန်လာခဲ့တာလား"

တစ်ယောက်တည်းစိတ်မချတတ်တာမို့မေးဖြစ်အောင်မေးလိုက်ရသေးသည်။

"အင်း..ဘာမှစိတ်မပူပါနဲ့ အခုမင်းဆီဖုန်းဆက်ပြောနေပြီပဲ။ ငါokတယ်Jeon..မင်းရော"

"အခုဘယ်မှာလဲ"

"ငါCafe ဆိုင်တစ်ခုမှာ"

"ကိုယ်လာခဲ့မယ်"

"အမြန်နော်"

"ဟုတ်ကဲ့ပါဗျာ "

ထယ့်ကိုသွားကြိုရန်ကားသော့ယူပြီး ဂျီမင့်အားပြောပြမယ်လုပ်တော့ ချစ်စရာကောင်းအောင်မနက်စာ စားနေတဲ့သူလေးကြောင့်ပြန်လာမှအကျိုးအကြောင်းပြောပြတော့မယ်ဟုတွေးကာ အမြန်ပဲထွက်လာခဲ့လိုက်သည်။

"ဂျောင်ကု..ငါ့ကို.."

အပြင်လိုက်ပို့ပေးရန်ပြောမလို့လှည့်ကြည့်တော့ရှိမနေတဲ့လူကြောင့်စိတ်ထဲအနည်းငယ်မျှအားငယ်မိသွားသည်။ဘယ်အချိန်တွေတည်းက ဒီကောင်နဲ့ပတ်သက်ပြီးအားငယ်နေမိပါလိမ့်။

"သခင်လေးဂျောင်ကု အပြင်ထွက်သွားပါတယ် သခင်လေးဂျီမင် လိုအပ်တာရှိရင် ကျွန်မတို့ကိုပြောလို့ရပါတယ်"

"ဘာမှမလိုဘူး..အဲ့​ကောင်က..ဘယ်သွားတာတဲ့လဲ"

"မသိပါဘူးရှင့်..အရေးကြီးနေတဲ့ပုံတော့ ပေါ်တယ်။ဘာကိစ္စလဲတော့ ကျွန်မတို့လဲမသိပါဘူး"

"သွားတော့"

"ဟုတ်ကဲ့"

သူ့အချိန်တွေကိုငါ့အတွက်ပဲဖြုန်းမယ်လေးဘာလေးနဲ့ သောက်ပိုကောင်။အလုပ်လေးနည်းနည်းပေါ်လာတာနဲ့ ပြေးပြီ။ငါခိုးထွက်ရရင်တော့လား။

စိတ်ကောက်မိသွားတာလားမသိပင်မဲ့ နေထိုင်ခဲ့ဖူးတဲ့ဘဝနေ့စွဲတွေမှာ ဒီနေ့ကအတော်လေးနေလို့ကောင်းမနေ။ဘာတွေလှိုက်ဖိုနေမှန်းမသိ အလိုလိုနေရင်းဝမ်းနည်းလာတယ်။တစ်ခုခုကိုဆုံးရှုံးရတော့မလိုစိတ်ကြီးက ခေါင်းတစ်ခုလုံးကောင်းကောင်းမလည်ပတ်နိုင်အောင်ကြီးစိုးနေတယ်။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now