Part-25

2.8K 244 11
                                    

" ဟယ်လို ဂျွန်..ငါရောက်ပြီနော်"

"ကောင်းကောင်းရောက်ရဲ့လား အဆိုးလေး"

"ဘာအဆိုးလေးလဲ ငါလိမ္မာပါတယ်နော်.."

"ဟုတ်ပါပြီ..အရမ်းပင်ပန်းနေလား.."

"အင်း..နည်းနည်းပါ.. မင်းကိုမြင်လိုက်ရတော့ ခရီးပန်းနေတာတွေအားလုံးပျောက်သွားပြီ..ပြီးတော့ ဒီနိုင်ငံကအရမ်းလှတယ်..ငါ့အကြိုက်ပဲ"

ဘေးကင်းကင်းနဲ့ရောက်သွားတယ်ဆိုတာပြုံးရွှင်နေတဲ့မျက်နှာလေးနဲ့ချစ်ရသူအား
ကြည့်ရင်သိနိုင်ပါတယ်။ ထိုင်းနိုင်ငံကြီးဘယ်လောက်လှလဲမသိပင်မဲ့ သူသိပ်သဘောကျ​နေပြီဆိုရင်ပဲ စိတ်မချတဲ့ကြားကခွင့်ပြုပေးလိုက်ရတာတန်ပါတယ်လေ။မနေ့ညကထိကိုယ်ကစိတ်ဆင်းရဲနေပြီး သူလေးကချော့မြူနေရတာမလား။အခုတော့လွတ်လွတ်လပ်လပ်သဘောကျပါစေလေ။

"သဘာဝရှု့ခင်း​တွေနဲ့နိုင်ငံကြီးကိုပဲကြိုက်နော်..ကိုရီးယားကနှလုံးသားက ယဲ့ယဲ့လေးဆိုတာသိတယ်မလားဂျီမင်"

Screenထက်ကလွမ်းဆွတ်မှုတွေမှာလည်း သတိပေးစကားတွေပါနေတာပဲ။ ဂျွန့်နှလုံးသားကယိုင်နဲ့နဲ့လေးဆိုတာ ကြမ်းပြင်ပေါ်ဒူးနှစ်ဖက်ပိုက်လို့ငိုခဲ့တဲ့ ဂျောင်ကလေးကနမူနာပြခဲ့ပြီးသားလေ။ မောင့်အမျိုးသားငယ်​လေးသိပ်နားလည်တာပေါ့။ အေးစက်တဲ့မျက်နှာလေးနဲ့သတိပေးသလိုပြောနေတဲ့ချစ်ရသူကြီးကို မျက်ခုံးလေးပင့်လို့ပြန်ကြည့်နေရင်း ဂျီမင်ကြိတ်အသည်းယားမိသည်။ မနေ့ညကထိသူအရမ်းကိုငိုနေခဲ့တာ။

"သိပါတယ်နော်..ငါ့ယောကျ်ားဘယ်လောက်ထိအသည်းနုတယ်ဆိုတာ"

ခြွေတာဆိုတာလေ ကြွေစရာနှလုံးသားမရှိတော့ရင်တောင် ဒီအမျိုးသားငယ်လေးခြေတော်အောက်ယောကျ်ားရင့်မာကြီးကျွန်တော်က တစ်ကိုယ်လုံးလဲပြို ကြွေကြသွားနိုင်တဲ့ ခြွေနေမှုတွေ။ ချစ်လိုက်ရတာ၊ဆုံးရှုံးရမှာကြောက်လိုက်ရတာ။သူ့ထက်စကားကြွယ်တဲ့အလှအပလေးတွေရှိနေတာတောင်သူ့ကိုမှညွှတ်ကျနေတဲ့စိတ်အစုံနဲ့နှလုံးသားကြီးကိုမေးခွန်းတွေအများကြီးထုတ်ပစ်လည်းမရနိုင်သော အဖြေမဲ့ခြင်းတွေ။

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now