Part-32

3.4K 242 12
                                    

လတွေအများကြီးကြာသွားခဲ့ပြီ။ ဆုံတွေ့ချင်​စေတဲ့ကြမ္မာတွေဟာအခုထိ ပြေးကောင်းတုန်း။အဲ့နေ့က သူ့မျက်နှာလေးကိုမြင်တွေ့ခဲ့ရတယ်။ သူ့ရှေ့မှောက်အပြေးသွားလို့ပွေ့ဖက်ချင်ခဲ့ပင်မဲ့ရှေ့ဆက်မရဲခဲ့တဲ့သတ္တိတွေဟာအဲ့အချိန်မှာလုံးဝကြောင်နေခဲ့တာ။ မင်းလေးကိုဘယ်အချိန်ဖြစ်ဖြစ်ပြေးတွေ့ခွင့်ရပြီ။မင်းဆီအချိန်မရွေးကိုယ်ပြန်လာလို့ရပြီ။ကိုယ့်သတ္တိတွေပြန်ရဲလာတဲ့အချိန် မင်းကိုဒီရင်ခွင်ဆီထာဝရပြန်ထွေးပွေ့လို့ရပြီ။စိတ်ကူးလေးတွေနဲ့ ပျော်ခဲ့ရသမျှ တစ်ပတ်အကြာမှာမင်းဆီကိုယ်ရဲရဲကြီးပြန်လာခဲ့တဲ့အချိန် မင်းကထပ်ပြီးရှောင်ပြေးခဲ့ပြန်တယ်။ သြော် ကံတရားကြီးရယ်လို့ ကိုယ်အပြစ်မဖွဲ့ချင်တော့ဘူး။
ကိုယ့်ဇာတာဟာ ဒီဘဝမှာဒီလောက်ကြီးထိဆိုးရွားလိမ့်မယ်လို့ပြစ်ဒဏ်သင့်စေခဲ့တာလားမှမသိတာ။ကိုယ်ပြုံးနေနိုင်သေးတယ်။ ကိုယ်အရင်လိုအတွေးပင်လယ်ဝေပြီးငိုမနေတော့ပါဘူး။မင်းမှကိုယ့်ကိုသစ္စာမဖောက်ခဲ့တာ။အဲ့အတွက်ကိုယ်အခုပြုံးနေနိုင်ပြီ။ နှစ်ယောက်အတူတူချိုမြိန်ခြင်းဆိုတာတွေကိုပုံမဖော်နိုင်သေးပင်မဲ့ တခြားတစ်နေရာမှာမင်းတစ်ယောက် အသက်ရှင်လျက်စောင့်နေသေးတယ်ဆိုတာနဲ့တင် ပြုံးနေဖို့အားအင်တွေပေးတာမို့ကိုယ်အရင်လိုမငိုတော့ပါဘူး။နှလုံးသားငယ်ကဘယ်ဆီမှာတိမ်းဝပ်လို့ရှောင်ပြေးနေလည်းမသိရပင်မဲ့ တစ်လှည့်ပြောင်းလို့ ကိုယ်ကမင်းကိုပြန်ရှာဖွေပါ့မယ်မောင့်အမျိုးသားငယ်ရယ်။

______

"တကယ်ပဲ..ဂျွန်မသေဘူးမလား"

တုန်ရီနေတဲ့အသံတွေဟာ တစ်ပတ်တိတိခြေရာဖျောက်ခဲ့သောကောင်ငယ်လေးရဲ့အားငယ်နေမှုတွေပါ။

"ငါပြောပြချင်ခဲ့ပင်မဲ့.."

"တော်တော့..တော်ပါတော့ ဂျူဝမ်ရယ်..ငါ့ကိုဘာလို့အဲ့လိုလုပ်ရက်ရတာလဲ..ငါ..ငါက..သူမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့ နေ့နေ့ညည နောင်တတွေနဲ့ရှင်သန်ခဲ့ရတဲ့လူပါ..မင်းသိခဲ့တာပဲ..အရိပ်အမြွက်လေးလောက်ပဲဖြစ်ဖြစ်..ပြောပြခဲ့သင့်တာပေါ့..ငါလေ..ငါလည်းလေ..အဲ့နေ့က..သူနဲ့တူတဲ့လူကိုတွေ့ခဲ့ရလို့ ညံ့ဖျင်းခဲ့သမျှတွေအတွက် နောင်တတွေတန်းဆီပြီး တိုးဝင်လာလွန်းလို့ ငါချက်ချင်းကြီးအိမ်တောင်ပြောင်းခဲ့ရတဲ့အထိပါ..ငါတွေ့ခဲ့တယ်ဆိုတဲ့လူက..တကယ်ပဲသူဖြစ်နေတာပေါ့..ဒါဆို..သူက.."

အမုန်းရပ်ဝန်းမှချစ်ခြင်းရောင်ပြန်(Complete)Where stories live. Discover now