EPISODE - 3

1.7K 195 72
                                    

EPISODE - 3 (Unicode)

တစ်လမ်းလုံး စကားတစ်ခွန်းမှမပြောဘဲ မေးကြောတွေထောင်တဲ့အထိ မျက်နှာထားတင်းမာလွန်းနေတဲ့ ဦးကို ကျွန်တော် စိတ်ထဲကနေပဲ တိတ်တိတ်လေး တောင်းပန်နေမိတယ်။ ကျွန်တော့်လုပ်ရပ်တွေက ဦးအတွက် အရမ်းကို စိ်တ်ဆိုးဒေါသဖြစ်စေလိမ့်မယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။

ဒါပေမယ့် အရာအားလုံးက ကျွန်တော့်အပြစ်တွေချည်းပဲ မဟုတ်ဘူး။ ကျွန်တော်တို့ပြိုင်ပွဲထဲကို ဘုမသိဘမသိ တိုးဝင်လာခဲ့တဲ့ ဦးအပြစ်လည်းပါတယ်။ စိတ်မကောင်းပေမယ့် ဦးရဲ့အတွင်းစိတ်ထဲက မကောင်းဆိုးဝါးကို ကျွန်တော် မရရအောင် အပြင်ခေါ်ထုတ်ရလိမ့်မယ်။

လူမှန်ရင်တော့ မကောင်းတဲ့ဘက်ခြမ်းဆိုတာ ရှိတတ်စမြဲပဲလေ။ ကျွန်တော် အရမ်းအတ္တကြီးမိသွားပြီလား မသိပေမယ့် ဦးရဲ့ dark sideကို လှုပ်နှိုးပြီး ပြဿနာတွေကို မီးမွှေးဖို့ အစီအစဥ်ချပြီးနေပြီ။ တကယ့်ကို စိတ်ရင်းနဲ့ ေတာင်းပန်ပါတယ်။

" ရောက်ပြီ!.. အခုချက်ချင်း ကားပေါ်က ဆင်းလာခဲ့။ မင်းနဲ့ငါ အခုချက်ချင်း စာရင်းရှင်းမယ် "

ပြောပြောဆိုဆို ကားပေါ်က အရင်ဆင်းသွားပြီး ကားတံခါးဆွဲဖွင့်ကာ ထယ်ယောင်းကို ကားပေါ်က အသည်းအသန် ဆင်းခိုင်းနေသော ဂျောင်ဂု။ ထယ်ယောင်း ကားပေါ်ကဆင်းနေသည်ကိုပင် စိတ်မရှည်နိုင်တော့ လက်ကိုဆောင့်ဆွဲပြီး အကြမ်းပတမ်းဆင်းစေလိုက်သည်။

ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရ၍ ဟန်ချက်ပျက်သွားသောထယ်ယောင်း အရှေ့သို့ငိုက်စိုက်ယိုင်ကျလာတော့ ဂျောင်ဂုက အချိန်မှီဖမ်းယူလိုက်သည်။ ထယ်ယောင်း လဲပြိုကျလာသောအရှိန်ကြောင့် ဂျောင်ဂုလည်း ထယ်ယောင်းခန္ဓာကိုယ်လေးကို ဖမ်းမိသော်လည်း သူကိုယ်တိုင်ပါ ဟန်ချက်ပျက်ကာ အနောက်သို့အနည်းငယ်ယိုင်ကျသွားသည်။

အနောက်သို့ ဒီဂရီအနည်းငယ်ယိုင်သွားသော ဂျောင်ဂုရင်ခွင်ထဲ မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားခဲ့တော့ ထယ်ယောင်းတို့ အခွင့်အရေးကို အမိအရယူကာ ဂျောင်ဂုနှုတ်ခမ်းများဆီ လှမ်းနမ်းလိုက်သည်။ ရုတ်တရက်ကြီး ထပ်အနမ်းခံလိုက်ရ​သော ဂျောင်ဂုမှာတော့ အံ့သြခြင်းများစွာဖြင့် ကြောက်ရုပ်ဖြစ်သွားခဲ့ပြီ။

50 Shades of KimWhere stories live. Discover now