EPISODE - 10

1.5K 176 12
                                    

EPISODE - 10 (Unicode)

Ring!! Ring!!
" ထယ်ယောင်းလေး ဦး အခန်းထဲဝင်ခဲ့လို့ရမလား "

အခန်းတံခါး bellတီးသံနှင့်အတူ အခန်းထဲဝင်ခွင့်တောင်းနေသော ဂျောင်ဂုအသံကြောင့် ကျောင်းသွားဖို့ အသင့်ပြင်ပြီးဖြစ်နေသော ထယ်ယောင်းမျက်နှာမှာ မဲ့ပြုံးတစ်ချက် ယှက်ပြေးသွားသည်။ သူအခု ညကကိစ္စကို အကြောင်းပြုပြီး ဦးကို ဒုက္ခပေးရတော့မည်။

" ဟင့်အင်း ထယ် ဦးကို စိတ်ဆိုးနေတယ်။ အခန်းထဲလည်း ဝင်မလာနဲ့၊ ကျောင်းလည်း လိုက်မပို့နဲ့ ကိုယ့်ဘာသာ Taxiပဲ ငှားသွားတော့မယ် "

လူကကြိတ်ရယ်နေသော်လည်း အပြင်က သူ့ဦးကိုတော့ သူတကယ်စိတ်ဆိုးနေသလိုလေသံဖြင့် လှမ်းအော်ပြောလိုက်သည်။ ဒါမှ ဦးဂျွန်တို့ မနေနို်င်မထို်င်ဖြစ်ပြီး အတင်းလာချော့တော့မှာ။

တကယ်လည်း ထယ်ယောင်း အကြံ အောင်မြင်ခဲ့သည်။ ဂျောင်ဂုကိုယ်တိုင်ကပါ ထယ်ယောင်းကို မရရအောင်ချော့ဖို့ စိတ်အားထက်သန်နေခဲ့တော့ အခြေအနေတွေက မြန်မြန်ဆန်ဆန် ရှေ့ဆက်တိုးဖို့ ဖြစ်လာခဲ့သည်။

" ထယ်ယောင်းလေး ဦးကို စိတ်ဆိုးနေမယ်ဆိုတာ သိပါတယ်။ အဲ့ဒါကြောင့် ဦးက ထယ်ယောင်းလေးကို ​သေချာပြန်တောင်းပန်ချင်နေတာ။ ဦးကို အခန်းထဲ ဝင်လာခွင့်ပြုနော်။ ထယ်ယောင်းလေး စိတ်ကျေနပ်တဲ့အထိ ဦးဘက်က တောင်းပန်ချင်လွန်းလို့ပါ "

အသံတစာစာဖြင့် ဝင်ခွင့်တောင်းနေပါသော ဦးဂျွန်ကြောင့် ထယ်ယောင်းလည်း သူ့အခန်းထဲ တိတ်တိတ်လေး ရယ်နေမိသည်။ ဒီလောက် အသည်းအသန်ဖြစ်နေပုံရလျှင် ဦးက သူကို တကယ်ကြီးစွဲလမ်းနေပြီဆိုတာ သိပ်သိသာလွန်းနေပြီ မဟုတ်လား။

" အဲလိုပြောရုံနဲ့ ဦးကို တံခါးဖွင့်ပေးမယ် ထင်နေတာလို့လား။ ဟင့်အင်း မရဘူးဆို မရဘူးပဲနော်။ ဦးက သိပ်မယုံရဘူး...ထယ် ဦးကို ကြောက်တယ် "

ထယ်ယောင်းဘက်က အကြောက်အကန် အော်ငြင်းနေသော်လည်း ဂျောင်ဂုဘက်က နောက်လှည့်ပြန်ဖို့ လုံးဝစိတ်ကူးမရှိ။ ဒီကလေးနဲ့ ပြန်အဆင်ပြေဖို့ဆို နည်းနည်းတော့ ဇွဲကောင်းရမယ် မဟုတ်လား။

50 Shades of KimWhere stories live. Discover now