EPISODE - 7

1.3K 142 12
                                    

EPISODE - 7 (Unicode)

တနင်္ဂနွေပိတ်ရက်၏ သာယာလှသော မနက်ခင်းအချိန်။  ရေလဲဝတ်စုံဝတ်လျှက်သားဖြင့် ကိုယ်လုံးပေါ်မှန်ရှေ့ အလုပ်ရှုပ်နေသော ကင်ထယ်ယောင်းသည် ကိုယ်ပေါ် ဝတ်စုံအမျိုးမျိုးကပ်ကြည့်ရင်း စိတ်ကြိုက်ဝတ်စုံကို ရွေးချယ်နေခဲ့သည်။

ဂျောင်ဂုအတွက်က မိသားစုဝင်တစ်ယောက်ကို အပြင်သွားဖို့လိုက်ပို့ပေးခြင်းက သာမန်ဖြစ်သော်လည်း အကြံအစည်ဖြင့် စနစ်တကျစီစဥ်နေသော ထယ်ယောင်းအတွက်မူ အပြင်သွားဖို့ ပြင်ဆင်ရာတွင် အသေးစိတ်ကလေးကအစ အရေးကြီးလွန်းနေသည်။

အကြိမ်ကြိမ်စဥ်းစားပြီး သူရွေးချယ်ဖြစ်လိုက်သည်က နွေရာသီနှင့်လိုက်ဖက်သော မိုးပြာရောင် ရင်ဟိုက်အင်္ကျီ ခပ်ပွပွနှင့် ဒူးခေါင်းအထက်ထိတိုသော ဘောင်းဘီတိုတစ်ထည်။ လက်တစ်ဖဝါးအရွယ်ရှိသော အညိုရောင် Gucciအိတ်လေးကို သိုင်းလွယ်လိုက်လျှင် လိုက်ဖက်လွန်းတော့မည်။

အဝတ်အစားရွေးချယ်ပြီးပြီမှ ရေလဲဝတ်စုံကြိုးကိုဖြည်ကာ ချွတ်ချပစ်လိုက်သည်။ မှန်မျက်နှာပြင်ထက်က အရှိအတိုင်း လှပတင့်တယ်၍ အချိုးအစားကျနသော အဝတ်ဗလာဖြင့် သူ့ခန္ဓာကိုယ်ကို ခဏတာပြန်ကြည့်မိတော့ ထယ်ယောင်းမျက်ဝန်းအိမ်မှာ နားလည်ရခက်သော အရိပ်အ​ယောင်များ တရိပ်ရိပ်ပြေးလွှားနေသည်။

သူ့ကိုယ်သူ တန်ဖိုးထားချင်သော်လည်း ဒီခန္ဓာကိုယ်ရင်းပြီးလက်စားချေဖို့ ခြေလှမ်းစရမည်မို့ နှမျောတသဖြစ်သည့်ကြားက စိတ်ကိုအသင့်ပြင်ထားခဲ့ရတာ။ ကိုယ်မချစ်မနှစ်သက်သည့်သူကို အတုအ​ယောင်မာယာတွေနဲ့ ချဥ်းကပ်ပြီး ခန္ဓာကိုယ်ကို ပုံအပ်ဖို့အထိ သတ္တိမွေးယူနေခဲ့ရတာကလည်း လွယ်ကူသည်မှ မဟုတ်ခဲ့ဘဲ။

အဝတ်မဲ့နေသော သူ့ခန္ဓာကိုယ်ကို ခဏတာငေးကြည့်ပြီး မျက်နှာကိုချန်လှပ်ကာ လာဗင်ဒါနံ့သင်းသော Lotionတစ်မျိုးကို တစ်ကိုယ်လုံးနီးပါး လိမ်းကျံလိုက်သည်။ မျက်နှာအတွက်တော့ အကောင်းစား မျက်နှာလိမ်း Creamတစ်မျိုးတည်းကိုသာ လိမ်းခြယ်လိုက်လျှင် ပြီးပြည့်စုံပြီ။

ထယ်​ယောင်းအဖို့ နဂိုတည်းက ရုပ်ခံရှိနေပြီးသားမို့ အနည်းအကျဥ်းလောက်သော ပြင်ဆင်မှုမျိုးသာလိုအပ်ခဲ့သည်။ နောက်ဆုံးအနေဖြင့်ကတော့ အနံ့မွှေးအီ၍ စွဲမက်ဖွယ်ဖြစ်သော Dior ရေမွှေးကို တစ်ကိုယ်လုံးဖြန်းရင်း အပြီးသတ်လိုက်သည်။

50 Shades of KimWhere stories live. Discover now