EPISODE - 9

1.5K 179 24
                                    

EPISODE - 9 (Unicode)

" ဦး... ထယ် အခန်းထဲ ဝင်လာလို့ရမလား ဟင်။ စာလေး မေးစရာလေးရှိလို့ "

ဂျောင်ဂု အခန်းတံခါးကိုခေါက်ရင်း ဝင်ခွင့်တောင်းလိုက်ပါသော ထယ်ယောင်း။ ပုံမှန်ဆို တစ်ယောက်တည်း စာကျက်လေ့ရှိပေမယ့် ဦးရောက်လာတော့ ထယ်ယောင်းတို့ စာကျက်ပုံက ပြောင်းလဲသွားခဲ့ပြီ။

" သြော် အင်း ဝင်လာခဲ့လေ ထယ်ယောင်းလေး "

ခေါင်းအစခြေအဆုံး လုံအောင်ဝတ်ထားသော ထယ်​ယောင်းကို နှမျောသလိုကြည့်ရင်း အခန်းထဲဝင်ခွင့်ပြုလိုက်သည်။ စိတ်ထဲက မသိမသာလေး မျှော်လင့်နေမိသော်လည်း လုံလုံခြုံခြုံဝတ်လာခဲ့သော ထယ်​ယောင်းကြောင့် ရင်ခံသွားခဲ့ရပြီ။

" ဦး အားရော အားရဲ့လားဟင်။ ထယ့်ကြောင့် အနှောင့်အယှက် ဖြစ်သွားပြီလား "

သနားတတ်ပါတယ်ဆိုမှ မျက်နှာငယ်လေး လာလုပ်ပြနေသော ကလေးငယ်။ ဘယ်သူနဲ့မှမတူဘဲ တစ်မျိုးလေး ချစ်စရာကောင်းနေသော ထယ်​ယောင်းက သူ့ရင်ထဲ ပုရွက်ဆိတ်တက်သလို မရိုးမရွဖြစ်အောင် လုပ်နိုင်လွန်းသည်။

" အားပါတယ် ထယ်ယောင်းလေးရဲ့။ ဦးကိုပြပါဦး ဘယ်နားကို ဘယ်လို နားမလည်တာလဲ "

ထယ်ယောင်းကို သူ့ဘေးက ထိုင်ခုံမှာဝင်ထိုင်စေလိုက်ပြီး အနီးကပ်ဆုံးဖြစ်အောင် ခါးလေးကို ဆွဲဖက်ထားလိုက်သော ဂျောင်ဂု။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဖို့ အကြိမ်ကြိမ်သတိထားနေပေမယ့် ထယ်ယောင်း သူ့အနားရောက်လာတိုင်း သူ့စိတ်ကို ထိန်းချုပ်မရခဲ့။

အနားကပ်လိုက်တိုင်း သင်းသင်းမွှေးနေတတ်သည့် ထယ်ယောင်း ကိုယ်သင်းနံ့လေး​ကြောင့်လည်း ဒီကလေးသူ့နားရောက်လာတိုင်း ဦးဂျွန်တို့ စိတ်တွေလွင့်သွားတတ်တာ အဆန်းလား။ ခံစားချက်မျိုးစုံကို ဖော်ပြနေတတ်သော မျက်ဝန်းလှလှတွေဆိုလျှင် ဆုံကြည့်မိလျှင် အသိစိတ်ပျောက်ကုန်မည်စိုး၍ ရင်မဆိုင်ရဲတော့သည်အထိ။

ဟန်တောင်မဆောင်နိုင်လောက်အောင် ဦးဂျွန်က သိသိသာသာဖြစ်ပြနေတော့ ထယ်ယောင်းကလည်း အကျေနပ်ကြီးကျေနပ်ပြီး ပျော်နေမိတာ။ အခုဆို ဦးက သူ့မျက်နှာလှလှလေးကို သိသိသာသာရော မသိမသာရော ငေးကြည့်တတ်နေခဲ့ပြီ။

50 Shades of KimWhere stories live. Discover now