EPISODE - 6

1.5K 173 74
                                    


EPISODE - 6 (Unicode) 

ထယ်ယောင်း ကျောင်းပြန်တက်သည့် နေ့။ သူ စာသင်ခန်းထဲဝင်ဝင်ချင်း ဆူညံပွက်လောရိုက်နေသော တစ်တန်းလုံး မီးကိုရေဖြင့်ပက်လိုက်သလို ရှဲခနဲငြိမ်သက်သွားပုံက သူနှင့် ဆိုဟီးတို့ရန်ပွဲကို စောင့်ကြည့်ဖို့ အဆင်သင့်ဖြစ်နေကြောင်း ဖော်ပြနေသည့်ဟန်။

ထယ်ယောင်းကို စမြင်ကတည်းက မျက်နှာထားတင်းမာနေသော ဆိုဟီးကြောင့် ပွဲတစ်ပွဲကြည့်ရတော့မယ်လို့ တစ်တန်းလုံးက ထင်နေခဲ့တာ။ ပိုဆိုးသည်က ဆိုဟီးအကြည့်ကို ဂရုတောင်မစိုက်ဘဲ သူ့နေ့ရာမှာ အေးဆေးဝင်ထိုင်လိုက်သော ထယ်ယောင်းလုပ်ရပ်က တစ်ဖက်သားဒေါသကို  တမင်ဆွနေသည့်အလား။

ဒေါသပိုထွက်လာသော ဆိုဟီးတစ်ယောက် သည်းမခံနိုင်တော့ဟန်ဖြင့် ဝုန်းခနဲ ထရပ်လိုက်ကာ စားပွဲပေါ်တင်ထားသည့် စာရွက်တစ်ထပ်ကြီးကိုယူလျှက် ထယ်​ယောင်းဆီ ဦးတည်သွားလိုက်တော့ အတန်းသားများထဲမှ ခြေပါလက်ပါတွေဖြစ်တော့မည်ဟု ပွစိပွစိအသံတွေထွက်ပေါ်လာသည်။

သူ့ပတ်ဝန်းကျင်မှာ ဤသို့ဤပုံ ကမ္ဘာပျက်နေသော်လည်း ထယ်ယောင်းတို့က နားကြပ်တပ်ကာ အေးအေးဆေးဆေး သီချင်းနားထောင်လျှက်။ ပြိုင်ဘက်တွေဖြစ်နေသည်ဆိုသော်ငြား ဆိုဟီးအ​ကြောင်း နောကျေအောင်သိနေသူဖြစ်၍ ထယ်ယောင်းအတွက် ရင်တုန်စရာမလိုအပ်ပေ။

" ဟေး ဆိုဟီး..နင် ငါ့သူငယ်ချင်းကို ဘာလုပ်မလို့လဲ။ သူ့ကိုထိရင် ငါ့ဘက်က မိန်းကလေးတွေဆိုပြီး ညှာနေမယ် မထင်နဲ့နော် "

ဆိုဟီးကို ဂရုမစိုက်ဘဲ သီချင်းနားထောင်ရင်းက ဂျီမင်းအသံကြားမှ ထယ်ယောင်း သီိချင်းကိုပိတ်ပစ်လိုက်ကာ ပြဿနာထဲ ဝင်ပါရတော့သည်။ အားကိုးရလွန်းတဲ့ ချစ်သူငယ်ချင်းလေးက သူ့ကိုယ်လုံးလေးနဲ့ ရှေ့မှာကာပြီးရပ်ပေးရင်း ဆိုဟီးကို တားဆီး​နေခဲ့တာမြင်တော့ ​ကျေနပ်ပြီးပြုံးမိသေးသည်။

" သူ့ကို ဖယ်ပေးလိုက်ပါ အဂျီရယ်။ သူနဲ့ငါ ရန်ဖြစ်တယ်ဆိုတာ အဆန်းမှမဟုတ်တော့တာ။ ငါ့ကိ္စ္စ ငါကိုယ်တိုင်ရှင်းမယ်။ သူ့ကို ဖယ်ပေးလိုက်နော် "

50 Shades of KimWhere stories live. Discover now