EPISODE - 13

1.6K 174 99
                                    

EPISODE - 13 (Unicode)

အချိန်အကြာကြီး ငေးငိုင်စဥ်းစားနေသော ဦးဂျွန်က အခုထိ ဆုံးဖြတ်ချက်ချနိုင်ပုံမရသေးဘဲ သက်ပြင်းအကြိမ်ကြိမ်ချနေဆဲ။ စာမသင်ရလည်း သက်သက်သာသာ နေနိုင်စားနိုင်မယ်ဆိုတာ သူသိပေမယ့် တက္ကသိုလ်ဆရာ ဘဝလေးကို သူမစွန့်လွှတ်ရက်နို်င်ဖြစ်နေသည်။

သူ့အဖြေကို စောင့်မျှော်နေသော ထယ်ယောင်းမှာတော့ စိတ်မရှည်စွာဖြင့် အတွင်းစိတ်ထဲ ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလျှက်။ တွေဝေနေတဲ့ သူ့ဦးကို အပင်ပန်းမခံခိုင်းတော့ဘဲ ဖြစ်ချင်တာကို သူကိုယ်တိုင် ဖန်တီးယူလျှင် ပိုကောင်းမည်ဟုပင် တွေးနေခဲ့သည်။

Ring!...Ring..!

အချိန်အခါကောင်းမှာ ထမြည်လာသော ဖုန်းသံ..။ အသံက ဦးဂျွန်ဖုန်းဆီကဖြစ်ပြီး ဆက်လာသူက ဦးဂျွန်၏ အနာဂတ်ဇနီး ကင်မင်ယောင်း။ တစ်နည်းအားဖြင့် သူ့ဘဝ၏ အကြီးမားဆုံး ရန်သူတော်ကြီး။

" ဟယ်လို မင်ယောင်း...ကိုယ့်ကို ဘာပြောစရာရှိလဲ "

ဖုန်းကိုင်ပြီး အနားကထထွက်သွားသော ဦးဂျွန်ကြောင့် ထယ်ယောင်းမျက်ခုံးတို့ တွန့်ချိုးကာ ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။ မမျှော်လင့်ဘဲ အခွင့်အရေးကောင်းတစ်ခုကို ထပ်ရလိုက်ပြီပဲ။

" ပြောစရာရှိမှ ဖုန်းဆက်ရမှာလား ဂျွန်ရယ်။ မကြာခင် လင်မယားတွေဖြစ်တော့မယ့်ဟာကို ပြောစရာမရှိလည်း အလွမ်းပြေ ဖုန်းဆက်လို့မရဘူးလား.. လို့.. ။ ဂျွန့်အသံလေးကို ကြားချင်လွန်းလို့ ဆက်လိုက်တာ "

အရွယ်နဲ့မလိုက်ဖက်စွာ ချွဲပစ်သောလေသံဖြင့် စကားဆိုလာသော သူမ။ ဂျောင်ဂု ဒီမိန်းမကို တကယ်မချစ်ပေမယ့် လက်ထပ်ယူဖို့ စီစဥ်ထားပြီးသားမို့ နားမခံသာသော အသံကိုလည်း ဟန်ဆောင်သည်းခံရမည်။

" အဲ့လောက်တောင်ပဲလား မင်ယောင်းရယ်။ ကိုယ်က မင်းအတွက် အဲ့လောက်ထိတောင် အရေးပါတာလား။ ထားပါ အခု ကိုယ့်အသံလေး ကြားလိုက်ရလို့ ကျေနပ်ပြီမဟုတ်လား "

ရင်ထဲက မပါသော်လည်း ဂျောင်ဂုလေသံက သဘာဝကျစွာ ချိုသာခြင်းအပြည့်ဖြင့်။ ထယ်ယောင်းဆီက မကျေမနပ် မျက်စောင်းထိုးအကြည့်ခံနေရသည့်ကြား ခက်ခက်ခဲခဲ ဟန်လုပ်သရုပ်ဆောင်နေရသည်က သိပ်လွယ်ကူလှသည်မှ မဟုတ်ဘဲ။

50 Shades of KimWhere stories live. Discover now