EPISODE - 5

1.6K 175 66
                                    

EPISODE - 5 (Unicode)

" ထယ်ယောင်းရေ...ငါတို့ ထမင်းစား..."

အခန်းထဲဝင်ဝင်ချင်း အိပ်ရာပေါ်မှောက်လျက်သား လှဲအိပ်နေသော ထယ်ယောင်းကြောင့် ဂျောင်ဂု ပြောလက်စ စကားရပ်တန့်သွားသည်။ ညအိပ်ဝတ်စုံ အပါးလေးလဲဝတ်လျှက် လုံးတစ်နေသော တင်ပါးကို နောက်ပစ်ထားကာ ပုစွန်ထုပ်လိုကွေးကွေးလေး အိပ်နေပုံက ဂျောင်ဂုကို ဆွံ့အသွားစေသော အကြောင်းအရင်းပင်။

ဒီကလေးအပေါ် သူ့ဘက်က ဘာစိတ်မှမရှိသည့်တိုင် ရုတ်တရက် မြင်လိုက်ရသော ထိုမြင်ကွင်းကြောင့် ခဏတာမှင်သက်သွားရသည်ကိုတော့ သူ့ကိုယ်သူ ပြန်ဝန်ခံရမည်။ သို့သော် အကြည့်လွှဲပစ်ဖို့ကိုတော့ ဂျောင်ဂုတို့ လုံးသတိမရခဲ့။

" ဒီကလေး အိပ်တဲ့ပုံစံက သူတစ်ပါးကို မြူဆွယ်နေသလိုပဲ။ အကျင့်စာရိတ္တကောင်းတဲ့ ငါနဲ့တွေ့လို့သာ အန္တရာယ်ကင်းနေတာ။ အခြားကောင်တွေနဲ့သာဆို ဒင်းမလွယ်ဘူး "

သူ့ကိုယ်သူ အမွှန်းတင်နေရင်းမှာပင် လည်ချောင်းထဲတင်းကျပ်လာ၍ တံတွေးမြိုချလိုက်ပါသော ဂျောင်ဂု။ လူကြီးပီပီ ကိုယ့်အပြစ်ကိုယ် မမြင်တတ်ခဲ့တော့ တံတွေးမြုချမိသည်က ထယ်ယောင်းကြောင့်မဟုတ်ဟု ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပြန်ပေးမိသည်။

ထိုအခိုက်တွင် အိပ်ချင်ယောင်ဆောင်နေခဲ့သော ထယ်ယောင်းတစ်ယောက် ဂျောင်ဂု ပွစိပွစိပြောသမျှအား အတိုင်းသားကြားနေရကာ စိတ်ထဲမှ တိတ်တိတ်လေး ကြိတ်ရယ်နေခဲ့သည်ကိုတော့ ဂျောင်ဂုမသိနိုင်ခဲ့ပါ။

ဦးက အရမ်းရယ်ရတာပဲ။ ဘယ်လောက်ပဲ အကျင့်စာရိတ္တကောင်းတယ်ပြောပြော လူဆိုတဲ့အမျိုးက တစ်နည်းမဟုတ် တစ်နည်းနဲ့ ဗွေဖောက်ချင်ကြတဲ့ သဘာဝရ ဦးသိနေရက်နဲ့။ မငြင်းရက်စရာကောင်းတဲ့ မက်လောက်စရာ ​အခွင့်အရေးရလာခဲ့ရင်ရော အခုလိုမျိုး ဆက်ပြီးဖြူစင်ရိုးသားနေနိုင်ပါ့မလား ဦးရယ်။

" ထယ်ယောင်း ထတော့။ ငါ ညစာပြင်ပြီးနေပြီ ထစားဦး "

သူ့ပခုံးလေးကို ကိုင်လှုပ်ပြီးနှိုးလာသော ဦးက ခဏတာ အသံပြန်တိတ်သွားခဲ့သည်။ အခုလောက်ဆို ကြယ်သီးပြုတ်ပြီး ရင်ဘတ်ဟပြဲဖြစ်နေတဲ့ အင်္ကျီလေးကြောင့် သူ့ရင်ဘတ်ဖွေးဖွေးတွေကို ဦးမြင်သွားပြီး တံတွေးမြိိုချနေရောပေါ့။

50 Shades of KimWhere stories live. Discover now