EPISODE - 8

1.4K 168 10
                                    

EPISODE - 8 (Unicode)

( ! Sexual Words အချို့ပါလို့ warning ပိစိလေး ပေးပါတယ်! ဥပုသ်သီလယူထားရင် ဥပုသ်ပြီးမှဖတ်ကြပါ)

သွားတုန်းက ရိုးရာစားသောက်ဆိုင်ဘက် တန်းတန်းမတ်မတ်လာခဲ့သော်လည်း တကယ်တမ်း ဝင်စားဖြစ်ခဲ့သည်က ရိုးရာစားသောက်ဆိုင်၏ မျက်နှာချင်းဆိုင်က အနောက်တိုင်းစားသောက်ဆိုင်မှာ။ ထယ်ယောင်းကြောင့် စိတ်တွေဂယောက်ဖြစ်ပြီး မှားဝင်မိရာက ထိုဆိုင်မှာပဲ စားဖြစ်ခဲ့ခြင်းပင်။

ဆိုင်ထဲရောက်ရောက်ချင်း အစားအသောက်မရွေးတတ်သော ဂျောင်ဂုအတွက် အစားအသောက်ကို ထယ်ယောင်းကိုယ်တိုင်ပဲ မှာပေးဖြစ်ခဲ့သည်။ အနောက်တိုင်းစတိုင် Beef staekတစ်ပွဲစီနှင့် သူ့ဦးအတွက် ဝိုင်တစ်ခွက် ဖြစ်သည်။

" သွေးအားတွေကောင်းအောင် အမဲသားစားပေးဖို့ လိုအပ်တော့ ဒါလေးပဲ မှာလိုက်တာ။ ဦး သဘောကျရဲ့လား "

သူ့မေးခွန်းကို ဦးဂျွန်က ရွှင်ရွှင်ပြပြ ခေါင်းညိမ့်အဖြေပေးလာတော့ ထယ်ယောင်းက ပါးလေးနှစ်ဖက်မို့မောက်လာသည်အထိ ကျေကျေနပ်နပ်ပြုံးလိုက်သည်။ အမဲသားတစ်ခုတည်းသာမက ဝိုင်တွင်ပါဝင်သော ဓာတ်ပေါင်းတစ်မျိုးကလည်း အဓိကသော ေဟာ်မုန်းတစ်မျိုးကို တိုးမြင့်စေလိမ့်မည်။

ကျွန်တော် ဒကာခံသမျှကို အရသာရှိရှိ သုံးဆောင်ပြီး အားအင်တွေအပြည့်ဖြည့်ထားနော်။ နောက်ဆို ဦးက ပင်ပင်ပန်းပန်း လှုပ်ရှားရတော့မှာဆိုတော့ အားပြည့်နေမှဖြစ်မယ်။

စိတ်ထဲက စကားတွေပြောနေရင်း ဦးကို မသိမသာအကဲခတ်တော့ ရင်ဘတ်ဟိုက်နေသော အင်္ကျီရင်ဘတ်ကို ခိုးကြည့်နေတဲ့ ဦးရဲ့မျက်ဝန်းတွေ။ ပါးစပ်က အမဲသား steakကို အရသာခံရင်း မျက်ဝန်းတွေကတော့ ရင်ဘတ်ကိုအရသာခံပြီး ကြည့်နေခဲ့တာ။

ထယ်ယောင်း ရိပ်မိသွားတာသိတော့ ဦးဂျွန်က ရူးချင်ယောင်ဆောင်ပြီး ဝိုင်ခွက်ကို နှစ်ငုံဆက်တိုက် ကောက်မော့လာသည်။ ထယ်ယောင်းကလည်း သူ့ရင်ဘတ်ခိုးကြည့်ခံရသည်ကို ပြန်လက်စားချေချင်တော့ ဝိုင်သောက်ရင်း လည်ပင်းသွေးကြောတွေ ထောင်ထနေတဲ့ ဦးကို ေမးစေ့အောက်လက်လေးထောက်ရင်း ပြန်ငေးကြည့်နေလိုက်သည်။

50 Shades of KimWhere stories live. Discover now