EPISODE - 11 ❗

3K 181 14
                                    

EPISODE - 11 (Unicode)

တိတ်ဆိတ်သော အခန်းကျယ်ကြီးထဲ စိတ်လှုပ်ရှားခြင်းများစွာဖြင့် သူ့အသက်ရှူသံပြင်းပြင်းကိုသာ ကျယ်လောင်စွာ ပြန်ကြားနေရပါသော ထယ်ယောင်း..။ မကြာခင် သူ့ကိုစကားပြောဖို့ အကြောင်းပြချက်ဖြင့် ဦးဂျွန်တို့ သူ့အခန်းထဲလာတော့မည်မို့ ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်နေခဲ့ပြီ။

ရည်ရွယ်ချက်ရှိရှိ ဦးဂျွန်ကို ဖျားယောင်းခဲ့သည်ဆိုပေမယ့် ငယ်ရွယ်သောသူ့အတွက် ဒီလိုကိစ္စမျိုးအပေါ် ကြောက်စိတ်လေးတော့ရှိနေသည်။ သူ့ထက် သန်မာလွန်းသော ဦးလို အမျိုးသားတစ်ယောက်နှင့် အတူနေဖို့ သတ္တိကို ခက်ခက်ခဲခဲနဲ့ မွေးယူနေခဲ့ရတာ။

" ထယ်ယောင်းလေးရေ ဦး ဝင်လာခဲ့မယ်နော်။ တံခါး lockမချထားဘူး မဟုတ်လား "

စိတ်ကို အသင့်ပြင်ထားသော်လည်း အခန်းပြင်က ဦးအသံကြောင့် ရင်တုန်သွားရသော ထယ်ယောင်းမှာ ယောင်ရမ်းပြီး အိပ်ရာခင်းကို ဖမ်းဆုပ်လိုက်မိသည်။ မူမပျက်ရအောင် စိတ်လှုပ်ရှားနေသည့် အသံမျိုးမထွက်စေဖို့လည်း ဟန်ဆောင်ရသေးတာ။

" ဟုတ်..ဟုတ်ကဲ့ ဦး။ တံခါး lockမချထားဘူး ဝင်ခဲ့လေ "

သူ့စကားသံအဆုံး တံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်လာပါသော ဦး။ ညအိပ်ဝတ်စုံ အနက်ရောင်ကိုမှ ရင်ဘတ်ကို တမင်ဟထားကာ ဖုထစ်နေတာ ရင်အုပ်ကျယ်ကြီးကို မြင်သာအောင် ပြထားသော ဦးပုံစံကြောင့် ထယ်ယောင်းလည်း အမူအရာမပျက်ဟန်ဆောင်ဖို့ အတော်ခက်သွားသည်။

" ကဲ..ဦးတို့ မနက်ကကိစ္စလေး ဆက်ပြောကြရအောင် "

ဦးဂျွန်က စကားတပြောပြောဖြင့် ထိုင်ခုံတစ်လုံးကိုယူကာ ကုတင်ပေါ်ထိုင်နေသော ထယ်ယောင်းနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ ပြုံးနေသည်ဆိုသော်ငြား အရောင်တွေလက်နေသော ဦးမျက်ဝန်းတွေက တကယ့်ကို ကျောချမ်းစရာ။

" ဘာကို ဆက်ပြောရမှာလဲ ဦးရယ်။ ထယ့်ဘက်က ဦးကိုချစ်ပေမယ့် ရှေ့ဆက်တိုးလို့မှ မရတော့တာပဲ။ ဦးကို အဝေးကနေပဲ ဆက်ချစ်သွားတော့မယ် "

မျှော်လင့်ချက်မရှိတော့သလို မျက်နှာငယ်လေးဖြင့် စကားဆိုရင်း ခေါင်းငုံသွားသော ထယ်ယောင်းကြောင့် ဦးဂျွန်စိတ်ထဲ ဂရုဏာသက်မိသော်လည်း တစ်ချိန်တည်းတွင် မကောင်းသည့်စိတ်တို့ လွှမ်းမိုးနေပြန်တော့ မကြံစည်သင့်သည်ကည်ကို ကြံစည်လိုက်မိသည်။

50 Shades of KimWhere stories live. Discover now