EPISODE - 14

2.9K 203 86
                                    

EPISODE - 14 (Unicode)

ထုံအီမွှေးပျံ့သော ကိုယ်သင်းရနံ့သည် သောက်လက်စ နှစ်ချို့ဝိုင်အနံ့ဖြင့် ေရာစွက်လျှက် ဦးဂျွန်၏ အနံ့အာရုံထဲ ဝင်ရောက်ခြယ်လှယ်နေသည်။ တိတ်ဆိတ်သော အခန်းငယ်အတွင်း ပေါင်ပေါ်ဘေးတစ်စောင်းတက်ထိုင်ရင်း အမြည်းခွံ့ကျွေးနေသည့် အကောင်ပေါက်လေးက သိပ်ကိုရဲတင်းလွန်းဟန်လည်းရှိသည်။

အနံ့အာရုံဖြင့်ပင်မဟုတ်သေး အမြင်အာရုံဖြင့် စွဲညှို့လိုပြန်တော့ အရောင်စုံမွှန်းခြယ်သော မျက်ဝန်းများဖြင့် သူ့ထက်အသက်ကြီးသော ဦးဂျွန်ကို အကြောက်အလန့်မရှိ ဖမ်းစားလျှက်။ ဦးဂျွန်ကို ပါးစပ်ဟစေပြီး အမြည်းခွံ့ပေးရင်း ရှည်သွယ်သွယ်လက်ချောင်းလေးများက ဦးရဲ့ နှုတ်ခမ်းလွှာများအား မထိတထိ ကျီစယ်ကစားသေး၏။

အသည်းတယားယားဖြစ်ကာ တစ်ခုခုလုပ်ပစ်ချင်လာသော ဦးဂျွန်၏ မျက်ဝန်းအကြည့်တို့ကိုပါ မထီမဲဲ့မြင်ပြုရင်း ပညာကုန်ထုတ်သုံးနေသော ထယ်ယောင်းက သတ္တိသိပ်ကောင်းလွန်းသည်။ ရဲတင်းလွန်းနေသော ဒီကလေးကို ဦးဂျွန်တို့ ညစ်ကျယ်ကျယ် အပြုံးမျက်နှာဖြင့်ကြည့်ရင်း နှုတ်ခမ်းသပ်ပြလာပြန်တော့ အကောင်ပေါက်လေးက စိန်ခေါ်သလို နှုတ်ခမ်းပြန်သပ်လျှက်။

ဖောက်ပြန်မှုကျူးလွန်နေမှန်း သိပါလျှက် ထယ်ယောင်း၏ သုံးမကုန်သော စွဲဆောင်မှုများကြား ယစ်မူးပျော်ဝင်နေခဲ့သူမို့ ဆက်ပြီးအမှားလုပ်ဖို့ကိုသာ ဆန္ဒရှိနေသော ဦးဂျွန်က ရသမျှ အခွင့်အရေးတိုင်းကို ချိုမြိန်စွာသုံးဆောင်လျှက် လောကစည်းစိမ်ကို ခံစားတတ်လာခဲ့ပြီ။

" မင်းက ဘာကြောင့်များ အခုလောက်ထိ ဆွဲဆောင်မှုတွေရှိ​နေရတာလဲ။ ငါ့လိုလူမျိုးကို မင်းရဲ့ဖျားယောင်းမှုတွေကြားက ရုန်းမထွက်နိုင်အောင် ဘာပညာတွေနဲ့ ပြုစားထားတာလဲ ဟမ်..။ ဦးကို ဒီလိုတွေဖြစ်အောင် လုပ်ထားတဲ့အတွက် မင်းကို အပြစ်ပေးသင့်နေပြီ မဟုတ်လား "

သူ့စကားအဆုံး ထယ်ယောင်းနှုတ်ခမ်းလွှာများဆီ ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့ပြီး လက်နှစ်ဖက်လုံးကို လွတ်လပ်စွာအသုံးပြုဖို့ ဝိုင်ခွက်ကိုပါ လက်ကချလိုက်သည်။ ဒီအဆင့်ရောက်သည်အထိ နည်းနည်းလေးမှ ဟန်ဆောင် ကြောက်ပြမနေသော ထယ်ယောင်းက တကယ့်မနိုင်စိန်လေးပင်။

You've reached the end of published parts.

⏰ Last updated: May 24, 2022 ⏰

Add this story to your Library to get notified about new parts!

50 Shades of KimWhere stories live. Discover now