🎶🎶🎶
🎵[တစ်ခါတစ်လေမှ တစ်ယောက်ထဲနဲ့ ]
[တစ်နေ့ကုန် စုနချည်ဆန်ချည် အလုပ်ကြားထဲ ]
[ငါလေ ရှေ့ဆက်ရမဲ့ ဘ၀ကို အားသစ်ရချင်တယ်]
[ငါလေ ရှေ့ဆက်ရမဲ့ မနက်ဖြန် အားအပြည့်ရချင်တယ် ]
[ နေရောင်ခြည်မဟုတ်လဲပဲ ကြယ်စင်လောက်တော့ ငါရဲ့ လက်တစ်ကမ်းအတွက် ]
[ကိုယ်တက်စွမ်းသလောက်အလင်းရောင်အနွေးဓာတ် ပေးခဲ့တယ် ]🎵
အကြတ်နေ့ ညတောင်ရောက်လာပြီးမို့ ဖျော်ဖြေရေး မဏ္ဌာန်တွေကလည်း ဒီည နောက်ဆုံးဖြစ်၏။ ဒီညမှ ထယ်ယောင်းတို့ စင်က အစည်ဆုံးဖြစ်နေလေသည်။ သုံးလမ်းကွာလောက် လမ်းတောင် ပိတ်ဆို့ထားရ၏။ ထယ်ယောင်းအသံကို ကြိုက်ကျတာလဲ ဖြစ်သလို ထယ်ယောင်းတို့ ဝိုင်းကိုက Rockသီးချင်းပဲ ဆိုကျတာ များသည်။ ဒီနယ်မြေက လူတွေက ကလေးသေးသေးလေးကအစ Rockသီချင်းကို ကြိုက်ကျတော့ စင်အောက်ကနေ ထယ်ယောင်းတို့နဲ့အပြိုင် သီဆိုကျ၏။ မက်တပ်ရပ်ရင် ကြည့်နေသူလဲ ရှိသလို ဆိုင်ကယ်ပေါ်ကနေ ရပ်ကြည့်နေသူတွေလဲ ရှိ၏။ညနက်လာပေးမဲ့လဲ လူေတွကမလျော့သေးချေ။
[ရွှေငွေနဲ့ဂုဏ်သိမ်ဒြပ်တို့ မရှိလည်း နေနိင်ပါတယ် တစ်သက်လုံး]
[အလိုအပ်ဆုံးက ဘ၀က အရိုးသားဆုံးနေဖို့ ]
နာရီ စက္ကန့်များက ရှားပါးလွန်းသတဲ့ ကိုယ်ဘ၀ကို စိတိကြိုက်နေလိုက်
[ ရိုးရှင်းလွန်းတဲ့ ဘ၀က အကောင်းဆုံးမို့ ]
နောက်ဆုံးပိတ်ကို မျိုးကြီးရဲ့ " ရိုးရှင်းတဲ့ဘ၀ "သီချင်းနဲ့ အဆုံးသတ်လိုက်မိသည်။ လက်ခုပ်တီးသူကလည်းတီး လေချွန်လိုက်တဲ့သူတွေကလည်းလေချွန်ရင်နဲ့ပဲ အိမ်ကိုပြန်ကျ၏။ သူတို့ရဲ့ စင်ကတော့ မနက်ဖြန် နစ်ဆန်တစ်ရက်နေ့အတွက်ရှိသေးတာမို့ မဖျတ်ရသေးချေ။ ထူးဆန်းသည်မှ အခြားမြို့မှ နစ်ဆန်းတစ်ရက်နေ့ဆို သင်္ကြန်မရှိတော့ပေမဲ့ မော်လမြိုင်မှတော့ ဒီနေ့က အစည်ကားဆုံးနေ့လည်း ဖြစ်၏။ နေ့လည်ပိုင်းမှလဲ ဝိုင်းက ရှိပေမဲ့ ထယ်ယောင်းတော့ မဆိုပါ။ နေပူကြီးထဲမှ သီချင်းဆိုရတာကို သူဖီးလ်မလာပေ။
YOU ARE READING
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ