💟 ၁၀ 💟

415 76 9
                                    

မော်လမြိုင်ပြန်ရောက်တာ နစ်ရက်ရှိပေမဲ့ နစ်ညလုံး သူ့ကောင်းကောင်းအိပ်‌မ‌ေပျာ်ပေ။ ရည်းစားစကားအပြောခံရခြင်းက သူ့အတွက် ပထမဆုံးမဟုတ်ပေမဲ့ နစ်ခါလုံးက ယောင်္ကျားလေးနစ်ယောက်ဆီကပဲ ပြောခံခဲ့ရတာ ။ နွေဦးတုန်းက သူ့ဒီလိုမဖြစ်ပေမဲ့ ယောင်းညိုနဲ့ ကျရင် တစ်လှပ်လှပ်နဲ့ ရင်တွေ ခုန်နေတာ ။ အဲမျက်၀န်းညိုနဲ့ သူကို တစ်ယုတစ်ယနဲ့ ကြည့်ကာ ပြောလာတဲ့ " မောင့်ကို ကိုယ်ချစ်တယ် " စကားကြောင့် သူ့မှ မျက်လုံးပွင့်ပြီး မေ့လဲသွားတဲ့ လူတစ်ယောက်လိုပဲ ။ မိန်းခလေးတွေ  အမျိုးသားတွေဆီကရည်းစားစကား  အပြောခံရတာ  ဘယ်လိုနေကျလဲ မသိပေမဲ့ သူ့ကျမှ ဘာလို ယောင်္ကျာလးနစ်ယောက်ဆီက ချစ်ခွင့်ပန်တာ ခံရတာလဲ ?

"အား ..! မတွေးနဲ့တော့ ဂျီမင် "

ယောင်းညိုစကားပဲ ပြန်ပြန်ကြားနေရတာ သူ့အတွက်အဆင်မပြေပေ။ သူ့ဒီခံစားချက်မျိုးကို မခံစားဖူးပေ ယောင်းညိုကာ " မောင့်ကို ကိုယ်ဖိအားမပေးပါဘူး ကိုယ်‌‌ေမာင့်ကို ချစ်တယ်ဆိုတာ သိစေချင်ယုံပါ " ။ ဒီကောင်လေး လူကို ရည်းစားစကားပြောပြီး ဖိအားနပေးချင်ဘူးတဲ့ " အခုတော့ သူ့မှ ခေါင်းမီးတောက်နေသလိုလိုနဲ့ ။

ညဂျုတီမရှိတာမို့ ‌ေဆးရုံကဒီညစောစောပြန်ခဲ့တယ်။ ကုတင်ပေါ်မှ လူးလိမ့်နေရင် အတွေးတွေက  ချားရဟတီးနေရသလိုပဲ " သူ့ဘာကြောင့် မငြင်းနိင်ခဲ့တာလည်း နွေဦးတုန်းကလို " အာစေ့မိနေတဲ့ လူတစ်ယောက်လို ယောင်းညိုရှေ့မှ ရပ်နေမိတယ်။

" သား ..!"

" ဗျာ ..!"

အခန်းထဲ၀င်လာတဲ့ ညိုကြောင့် ဂျီမင် ထထိုင်လိုက်သည် ။

" နွားနို့လာပို့ပေးတာ ပူပူလေးသောက်‌လိုက် သား "

" ဟုတ်"

ညိုကမ်းပေးတဲ့ နွားနို့လေးကိုဂျီမင်ယူကာ မော့ချလိုက်သည်။နွားနို့က အိပ်ပျော်စေတယ်လေ ။

" သား ဆေးရုံမှ ပင်ပန်းလိုလား ?"

မျက်ကွင်းတွေ ညိုမဲနေတဲ့ သားကို ညိုက သတိမထားမိပဲ နေပါမလား ? သူ့သားက မျက်နှာမဲ့သွားရင်တောင် ဘာကြောင့်မဲ့လဲ ဆိုတာ သိနေတဲ့ မိန်းမတစ်ယောက်ပဲ ။

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now