မနက်အစောကြီးအဖေက အိမ်ကနေ အလုပ်ကိစ္စကြောင့်ထွက်သွားတော့ သူသာအိမ်မှာကျန်နေခဲ့သည်။ အပြင်သွားရမှလည်းပျင်းနေတာလဲပါတယ်။ ပြီးတော့ သူအသည်းကွဲနေတယ်ဆိုရင်လဲ မမှားဘူးမဟုတ်လား ? ။ ဂီတာကို ယူကာခြံထဲက ဒန်းပေါ်မှထိုင်ကာဂီတာကို တီးမလိုလုပ်နေတုန်း။
" အကိုထယ်ယောင်း "
" စိုင်းညီ...! "
သူအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာသော
စိုင်းညီကြောင့်အံဩရသည်။ ရန်ကုန်က သူအိမ်ကို စိုင်းညီကိုမပြောပြထားဖူးဘူးလေ ။ ဒါမှမဟုတ် သူပဲပြောထားပြီးမမှတ်မိတာလား ?" ။" ဟူး ရှာလိုက်ရတာ ..!"
အိမ်ထဲရောက်မှ ဦးထုက်ကိုချွတ်ကာစိုင်းညီကညီးညူးတော့ ။
" ဒီကိုဘာလာလုပ်တာလဲ စိုင်းညီး "
စိုင်းညီက ၁၀တန်းကျောင်းသားမဟုတ်လား ? ကျောင်းပိတ်ရက်ရှည်လဲမဟုတ်ပဲ။ ဒါပေမဲ့ ဒီနေ့ကတော့ စနေနေ့ပါ။
" မေးပြီးလာတာအကိုထယ်ယောင်း ကျွန်တော်ကိုအရင်ရေတိုက်ပါလား ?"
စိုင်းညီက မောကြီပန်းကြီးပုံစံနဲ့ရောက်ချလာတာ။ ဒီကောင်လေး ဒီကိုဘာလာလုပ်ပါလိမ့်? သူတောင်ဒီညပြန်တော့မှကို ။
" ရော့ ..."
နေပူထဲကလာတ့ဲလူမို့ ရိုးရိုးရေပဲ ကမ်းပေးလိုက်သည်။ စိုင်းညီက သူပေးတဲ့ ရေကို မော့ချလိုက်ပြီးမှာ။
" ကျေးဇူးပဲ အကိုထယ်ယောင်း "
" ပြောစမ်းပါအုံး ဒီကိုလာရတဲ့အကြောင်း "
သူ့အိမ်သူ့ယာလိုအိမ်ထဲကိုလျှောက်ကြည့်ပြီးတော့မှ ဆိုဖာပေါ်မှ ထိုင်ကာအမောဖြေသည်။ သူလဲစိုင်းညီေနာက်က လိုက်ကာ၀င်ထိုင်လိုက်ရင် စိုင်းညီကို ကြည့်နေလိုက်သည်။ အခုထိ စိုင်းညီက သူမေးတာကိုမဖြေရသေးပေ။
" မနက်ဖြန်ပြန်မှပါအကိုထယ်ယောင်း လူလာပို့တာ"
" ဘယ်ကလူလဲ ?"
လာကတည်းက တစ်ယောက်တည်းကို။ ဒီကောင်လေးက ဘယ်သူကိုလာပို့တာလဲ ?။ ဒီကောင်လေး မူမမှန်နေပါ။
YOU ARE READING
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ