💟၂၄💟

400 53 5
                                    


ယောင်းညို ရန်ကုန်သွားတာ အခုဆိုတစ်ပတ်လောက်‌ေတာင်ရှိနေပြီးလေ။ အမှန်အတိုင်းပြောရရင် ချစ်သူတွေစဖြစ်ကတည်းက ဒီနေ့ထိယောင်းညိုကို မတွေ့ရနဲ့ရက်ဆိုတာ မရှိခဲ့ဖူးဘူးလေ။ သူ့တအား ယောင်းညိုကိုလွမ်းပါတယ်။ ယောင်းညိုနဲ့ နေ့တိုင်းဖုန်းနဲ့ကော့ စာနဲ့ကော့ video call ပါညတိုင်းရှိကျပေမဲ့ လူချင်းတွေ့ရတာနဲ့တော့ ဘယ်တူပါမလဲ ? " မောင် နေ့လည်စာ စားပြီးပြီးလား " ‌" မောင်ညက ကောင်းကောင်းအိပ်ရဲ့လား "" မောင်မျက်ကွင်းတွေ ညိုနေတယ်ကော့ "
အဲလိုအဲလို ဂရုတစိုက်နဲ့ သူ့ကိုယောင်းညိုက ကြည့်ပေးနေလေ သူ့အတွက်ကတော့ ယောင်းညိုအပေါ်မှ ချစ်ခြင်းတရားတွေ ပိုများလာလေပဲ။ " အဖေနဲ့ အဆင်ပြေလား " မေးလိုက်တိုင်း " ပြေပါတယ် အဖေက ဒီမှပဲ ပြန်နေစေချင်တာလေ " ယောင်းညိုနူတ်ဖျားက ဒီစကားသံလေးထွက်လာတော့လည်း သူ့အနည်းငယ်လောက်တောင် စိုးရိမ်တာ အမှန်ပင်။ ‌ယောင်းညိုသာ ရန်ကုန်မှ ပြန‌်‌ေနရင်  သူ့နဲ့ကနေ့တိုင်း မတွေ့နိင်တော့ဘူး မဟုတ်လား ?  သူ့ဒီတစ်ပတ်လုံး ဘယ်လောက်တောင် ခက်ခဲနေလိုက်သလဲ ?  ယောင်းညိုကိုပဲ စားလည်းသတိရ အိပ်ချိန်လည်း သတိရနဲ့။



" နောက်အပတ် ပြန်လာခဲ့မယ် မောင် "

ဒီစကားလေးကြားတော့ သူမျက်နှာကဟန်ဆောင်လိုမရအောင်ပြုံးပျော်နေတယ်ဆိုတာ သူ့သိတယ်။ တကယ်လွမ်းနေတာလေ ။ ဒီလူသားကို သူ့တကယ်ကြီး နှစ်နှစ်ကာကာ ချစ်သွားမိလိုလေ။

/




" အမေ မောနင်း"

မနက်စာဆင်းစားတော့ ဝိုင်းမှထိုင်နေတဲ့ အမေကို အရင်နူတ်ဆက်လိုက်သည်။

" အင်း ...!"

အမေအခုတစ်လော သူ့အပေါ်စကားပြောရင်ခပ်ပြတ်ပြတ်နဲ့ပဲ။ အရင်လို " သား " ရေဆိုပြီး ခေါ်မနေပဲ " ဂျီမင် " ဆိုပြီး ခေါ်ခေါ်နေတက်သည်။ ပြီးတော့ အမေက ထူးဆန်းနေသည်။ ဖုန်းတွေဘာတွေ လာရင်လည်း "ဘယ်သူလဲ ဘယ်ကလဲ " ဆိုပြီးမေးနေတက်သည်။ ‌ကံကောင်းတာက သူ့နဲ့ယောင်းညိုဖုန်းပြောတဲ့ အချိန်တွေသည် သူ့အခန်းထဲမှ ရှိတဲ့အချိန်တွေကြီးပဲမို့။ အမေက သူ့ဆီက ဘာကိုသိချင်နေတာလဲ မသိပေမဲ့ သူ့မေးတော့လည်းအမေက မဖြေပေ။  အမေကို ဒီလိုတစ်ခါမှ နားလည်ရမခက်ဘူးပါ။ ပြောရရင် အမေဒီလိုပုံစံဖြစ်သွားတာသည် သူ့တို့ ထား၀ယ်ဘက်ကို သွားပြီးပြန်လာမှ ဖြစ်တာ ။


 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now