💟၂၃💟

387 43 14
                                    

" ယောင်္ကျားလေး ဖြစ်ပြီးတော့ ဒီလောက်ခရီးကို မူးပြီးအန်နေတာ မပြီးနိင်ဘူး "

မနက်စာ စားတဲ့အချိန်မှ နွေဦးရဲ့ဆူပူမူကို ခံလိုက်ရတဲ့စိုင်းညီ ။

" အား ကိုနွေဦးကလဲ ?"

တကယ်စိုင်းညီက ဆူဆူပူပူလာပြောတာကို မကြိုက်တဲ့လူမျိုးပါ။ ကိုနွေဦးကလဲ စိုင်းညီကလွဲရင် အဲလောက်ပြောတက်တဲ့သူ့ မဟုတ်။ မသိတဲ့လူတွေဆို ရည်းစားလုဘက်တွေလို ကိုနွေဦးတို့ ညီအကိုကို့ထင်ကျမှ။ မနေ့ညနေ့ကရောက်ကတည်းက နွေဦးတစ်ယောက် စိုင်းညီကိုပြောနေတာ။ ‌စိုင်းညီကလဲ တော်တော်လေး အဆင်မပြေဖြစ်နေတာကို ။ပွဲကြည့်သူ့ကသူ့နဲ့ မောင်ပေါ့။ ကိုနွေဦးနဲ့ စိုင်းညီတို့ စကားများနေကျတာကို ဒီအတိုင်းထိုင်ကြည့်‌ေနရသည်။ စားသောက်မဲ့ဆီကိုမရောက်သေးပေ။

" နွေဦး သိပ်မဆူနဲ့တော့ကွာ "

ဂျီမင်က လှမ်းပြောတော့မှ နွေဦးက ပြောတာရပ်လိုက်ပြီး ဂျီမင်ဘက်လှည့်ကြည့်ကာ

" နိင်ငံခြား သွားချင်နေတဲ့ကောင်လေ ဒီလောက်နဲ့ ဖြစ်ပျတ်နေလို ဂျီမင်ရေ... "

" ကိုနွေဦးကလဲ ကျွန်တော်မှ ခရီးမသွားဖူးတာ နောက်ဆို အဆင်ပြေသွားမှပေါ့ "


စိုင်းညီက နွေဦးပြောရင် ငြိမ်ခံမယ်လို ထင်လား ? Noပါ တစ်ခွန်းမကျန်ပြန်ပြောတာ ။ဒါပေမဲ့ ဒီညီအကို၀မ်းကွဲနစ်ယောက်က ဘယ်လောက်ရန်ဖြစ်ဖြစ် လက်လဲ မပါသလိုအဆဲလဲ မပါတက်ကျပေ။


" အေး မပြေရင်လဲ ဒီမှပဲနေပြီးငပိငါးခြောက်ဆိုင်ဖွင့်ပေးမယ် အဲတာနဲ့ပဲ တစ်သက်လုံးနေ "

" ဟွန်း ...ကိုနွေဦးပြောသလိုလုပ်ရမှလား ကျွန်တော်အ‌ေဖက ကိုနွေဦးမို့လား ?"

စိုင်းညီကပါးစပ်ထဲကို " ထား၀ယ်မုန့်ဟင်းခါး " သွပ်ထည့်ရင်ပြောလိုက်သည်။ နွေဦးက ဒီကိုလာတိုင်း သူစားနေကျ " စားစေချင်လွန်းလို" ဆိုင်ကို ခေါ်လာခဲ့သည်။ ဒီကိုလာရင်တော့ " ထား၀ယ် မုန့်ဟင်းခါး" တော့ စားကို စားသွားသင့်တာ ။အဲတော့ အခြားဟာတွေပါ စားချင်တာကြောင့် ယောင်းညိုအတွက် " ထား၀ယ် မုန့်လက်သုတ် | "မုန့်ကျေးသာစာသား"နဲ့ တွဲမှာပေးပြီး သူ့အတွက်ကတော့ " ထား၀ယ်မုန့်ဟင်းခါး"ရယ် | မုန့်တဲပေါင်း " ကိုမှာလိုက်သည်။ ထား၀ယ်ရောက်မှတော့ ထား၀ယ်အစားအစာပဲ စားသင့်တယ် မဟုတ်လား ?

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now