💟 ၁၃ 💟

377 54 12
                                    




" အကို ကူပေးရမလား ?"

မနက် ၇နာရီလောက် ဆေးရုံကနေပြန်တော့မလို လုပ်တော့  ယောင်းညိုအခန်းကို တစ်ခေါက်လောက် ၀င်ကြည့်သေးသည်။ ညက ဒီကောင်လေး သူလက်ကို ကိုင်ထားခဲ့တာ အကြာကြီးပဲ ။ နွေးထွေးတဲ့ ဒီကောင်လေး လက်ကလေးက ဒီကောင်လေးနဲ့ တွေ့ရင် အေးစက်စက်ဖြစ်‌ေနတဲ့ သူ့လက်ကလေးက နွေးထွေးသွားစေသည်။" မောင်လက်တွေ အေးနေတယ်နော် "တဲ့ ညက ဒီကောင်လေး ပြောသွားတာ ။တကယ်တော့ သူ့လက်က အေးစက်မနေပါ ဒီကောင်လေးနဲ့ တွေ့ရင် ဖြစ်သွားတဲ့သူပုံစံပါလို ပြောလိုက်ခြင်းပေမဲ့ မပြောဖြစ်ခဲ့မိဘူး။

ယောင်းညိုရဲ့ အခန်းထဲကို ၀င်လာကာ ယောင်းညိုရှေ့မှ သူရပ်လိုက်သည်။အမှန်က ဒီကောင်လေးအတွက် သူ အ၀တ်အစားယူလာပေးတာ အခုတော့ ဒီကောင်လေး အ၀တ်အစားလဲနေတယ်ဆိုတော့ သွား၀ယ်လိုက်တာလား ?

" အင်း ..!"

ထယ်ယောင်းက ခေါင်းညိမ့်တော့ ဂျီမင် ထယ်ယောင်း မတပ်ရသေးတဲ့အင်္ကျီကြယ်သီးလေးကို သွားတပ်ပေးလိုက်သည်။ ထယ်ယောင်းလက်တစ်ဖက်က မမြှောက်နိင်တာကြောင့်  လက်တစ်ဖတ်နဲ့ ရှပ်အင်္ကျီအဖြူရောင်‌ေလးကို ၀တ်နေတာ မကြည့်ရက်လို ကူညီချင်သာ။ ယောင်းညို ကိုယ်လုံးက ပိန်ပိန်ရှည်ရှည်ဆိုပေမဲ့ သူမျက်လုံးရှေ့မှ မြင်နေရတဲ့ အစိတ်အပိုင်းလေးတွေက ကြည့်ကောင်း‌ေနသည်။ အဖုအထစ်တွေ မရှိသည်တိုင်အောင် ယောင်းညိုရဲ့  ရင်ဘတ်မှ မြင်နေရတဲ့အရာတွေက ပြည်စုံသည်။ လူနာတွေကို အ၀တ်မပါပဲနဲ့တောင် မြင်ဖူးပေမဲ့ ဒီကောင်လေးရဲ့ ရင်ဘတ်ဖြူဖြူလေးကို မြင်ရ‌တာတောင် သူမျက်နှာပူနေချေသည်။

" အ၀တ်အစား သွား၀ယ်လိုက်တာလား ?"

မနေ့က ဒီကောင်လေး အ၀တ်အစားအပိုမပါဘူးလို ပြောတာမို့အခုတော့ အ၀တ်အစားလဲနေလို သူမေးလိုက်ခြင်းသာ။

" သူငယ်ချင်း လာပို့သွားတာ "

နစ်ယောက်သား နီးကပ်နေတဲ့ အခြေအနေကြောင့် ထယ်ယောင်း သူကို ကြယ်သီးတပ်ပေးနေတဲ့ဂျီမင်ရဲ့ မျက်နှာကိုသာ ကြည့်နေလေသည်။

" ဪ ..!"

ဒီကောင်လေးက ဒီမှလဲ သူငယ်ချင်းရှိသားပဲလို စိတ်ထဲကနေ ပြောလိုက်မိသည်။

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now