💟 ၆ 💟

431 65 7
                                    

" အေး ငါနောက်တစ်ရက်နစ်ရက်ဆို ပြန်လာပြီး ..!"

‌ေနွဦး မနက်အစောကြီး  ပန်းခြံဘက် လမ်းထလျှောက်တော့ လူ့သူက ကင်းရှင်းနေ၏။ "ချစ်သူမြိုင်"က ညဘက် မီးရောင်နဲ့ဆို ပိုလှ၏။ ညက လျှောက်လည်ထားသမျှပင်ပန်းလို ဒီကိုရောက်ရောက်ချင်း အိပ်ချလိုက်တာ ညက "ချစ်သူမြိုင်"ရဲ့အလှတရားတွေတောင် မခံစားလိုက်ရချေ။ သူတို့အားလုံး ပင်ပန်းလို နားနေချေသည်။။

" အေး အကြောင်းအရင်းရှိရင်လည်းငါကိုဖုန်းဆက်ပေါ့ "

သစ်ခွပန်း‌ေတွလမ်းဘက် ဖြတ်တော့ သူသတိမမူပဲ လူတစ်ယောက်ရဲ့ ပုခုံးကိုတိုက်မိသည်။ တိုက်ရုံလေးပဲဆိုတာကြောင့်  သူလှည့်မကြည့်တော့ချေ။

" အေး ဒါဆို ဒါပဲ ပြန်လာရင် ဒူးရင်းသီး ၀ယ်လာပေးမယ် "

ပြောကာဖုန်းချလိုက်တော့

" ဒီမှ ..!"

အနောက်က ခေါ်သံလိုက်ရတာကြောင့် နွေဦး လှည့်ကြည့်လိုက်သည်။ လက်ပိုက်ထားကာ မျက်နှာတစ်ခုလုံး ဆူပုတ်နေတာ  ဂျင်းဘောင်းဘီး ကျပ်ကျပ်ကိုမှ ဒူးလောက်မှ အပေါက်တွေအပြဲတွေနဲ့  အင်္ကျီလေးကိုလည်း လက်နေရာကဆွဲဖြဲထားထားတဲ့ ဒီဇိုင်း ..! မဟုတ်ဘူး ဆွဲကိုဖြဲထားတာ..

" ဟင့် ဘာလဲ ...?"

အရပ်က မိုးထိုးနေတာလား ဘာလားမသိ  အပြာရောင်မျက်၀န်းလေးနဲ့ဖြူလွန်းတဲ့အသားအရည်ကြောင့် ဒီကောင်လေးကို မြန်မာနိင်ငံသားလိုတောင်
မထင်ရပေ။

" ကျွန်တော်ကို တိုက်သွားတယ်မဟုတ်လား ..?"

ဘာလဲ ဒီကောင်လေး ဘာဖြစ်တာလဲ ? တိုက်မိယုံ တိုက်မိသွားတာကို

" ...!"

" ‌ ကျွန်တော်ကိုခင်ဗျားတောင်းပန်ရမယ် မဟုတ်လား ?"

" ဘာ ..!"

တိုက်မိသွားရင် တောင်းပန်မလို ဆိုပေမဲ့ ကျွန်တော်တွေ ခင်ဗျားတွေ ပါလာတာကြောင့် စိတ်က တိုသွား၏။ မော်လမြိုင်က လူတွေက " ခင်ဗျား" လို သုံးရင် ရိုင်းတယ်လိုပဲ ထင်တက်ကျ၏။  " ကျုပ်တွေ ခင်ဗျား"တွေ မသုံးကျတော့ ဒီကောင်လေးစကားကြောင့် ဒေါသထွက်သွား၏။ နောက်ပြီး တိုက်မိသွားတာပဲလေ ...!

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now