"သားရေ ဒီနေ့ ဆေးရုံမှ လူနာသတင်းသွားမေးပေးပါအုံး "
သူ့တို့အိမ်မှ ထမင်းလာလာချက်ေပးေနတ့ဲ အဒေါ်ကြီးရဲ့ သား ဘောလုံးကန်ရင် ဘောလုံးနဲ့ မျက်စိကို ထိသွားတာကြောင့် ဆေးရုံတင်ထားရသည်။ အစနေ့တွေက အဖေသွားပေမဲ့ ဒီနေ့အဖေမအားလို သူကိုလွှတ်သည်ထင်သည်။
" ဟုတ် သားသွားလိုက်ပါမယ် "
သူငယ်ငယ်ကတည်းက ထမင်းလာလာချက်နေတဲ့ အဒေါ်ကြီးမို့ ရင်းနှီးမူက ပြောမနိင်အောင်ပေ။အခုနောက်ပိုင်းအဒေါ်ကြီးက သူတို့အိမ်မှ အလုပ်မလုပ်တော့ပဲ အိမ်မှပဲ စက်ချုပ်စားသည်။ တကယ်တမ်း ဆေးရုံကြီးကို သွားရမယ်ဆိုတော့လည်း လူနာကေလးအတွက် အသီးတွေ အအေးတွေပါ city Mart မှ ၀င်၀ယ်လိုက်သည်။
" ယူလာစရာမလိုပါဘူး သားရယ် "
ဒေါ်ကြီးပုံ့ကတော့ အားနားနေပုံရသည်။ အဖေဒီကိုလာရင်လည်း စားစရာသောက်စရာလေးတွေ ၀ယ်လာပေးတက်ပုံရသည်။ အမေတစ်ခု သားတစ်ခုမို့ ဒေါ်ကြီးပုံ့ ထမင်းဟင်းပြန်ချက်နေရင် ကလေးက ကြည့်မဲ့သူမရှိချေ။ ဒါကြောင့် သူမှ ထမင်းဟင်းတွေပါ ၀ယ်လာပေးခဲ့သည်။
" ယူပါ ဒေါ်ကြီးပုံ့ အဖေကသေချာလေး ကြည့်ခဲ့ခိုင်းပြီး ဂရုစိုက်ခိုင်းတာ "
ကလေးက ဆယ်နှစ်အရွယ်ပဲ ရှိသေးပေမဲ့ အသားခပ်ညိုညို ခပ်လုံးလုံးလေးရယ် မျက်နှာကတော့ မျက်လုံးတစ်ဖက် ပတ်တီးစည်းထားတာတောင် သန့်ပြန့်နေလေသည်။
" ဒေါ်ကြီးပုံ့ သူ့နာမည်ကို ကျွန်တော်မသိဘူး "
" သန့်ဇင်တဲ့ သား "
" ဪ .."
လူနာသတင်းေမးဆိုတဲ့အတိုင်း ရောက်တက်ရာရာကိုလိုက်မေးနေတာ အချိန်တော်တော်လေး ကုန်ချေသည်။
" စားရေးသောက်ရေး အဆင်ပြေလားသား "
" ပြေပါတယ် "
နောက်ဆုံးဒေါ်ကြီးပုံ့ကို နူတ်ဆက်ကာ ပြန်လာတော့ချေသည်။" ရန်ကုန်ပြည်သူ့ဆေးရုံကြီး " ကလူတွေကလည်း များပြားလွန်းသည်။ ကားနေရာကိုသွားပြီး ကားတံခါးဆွဲဖွင့်တော့
YOU ARE READING
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ