💟 ၁၈ 💟

392 55 12
                                    

Cbကနေ သူပ‌‌ို့ပြီးတော့ ခေတ္တာမျှ ‌ရပ်ကြည့်နေသေးသည်။ ခဏကြာတော့ ယောင်းညိုက သူရောက်‌‌ေနတာကို မသိသေးပါ။ ဖုန်းကို တစ်ချက်ကြည့်ပြီးတော့မှ ယောင်းညိုက သိသွားတယ်နဲ့ တူပါရက် အနောက်ကို လှည့်ကြည့်လေသည်။ သူကိုတွေ့သွားတဲ့ ယောင်းညိုကို သူပြုံးပြလေသည် ဒီလိုပဲ ယောင်းညိုကလဲ သူကိုပြုံးပြသည်။ သူအနားအား ခပ်မှန်မှန်န့ဲ ခြေလှမ်းမြန်မြန််ဖ့င့် သူနားအားရောက်လာသည်။ ဘယ်လိုချစ်စရာကောင်းနေတဲ့ ကလေးပါလိမ့် ...?

" ရောက်နေတာ ကြာပြီးလား ?"

သူမေးလိုက်တော့ ယောက်းညိုက ခေါင်းခါပြသည်။ ဆံပင်လေးကို အနောက်မှ စုသိမ်းထာပုံလေးက လူကြီးဆန်ပေမဲ့ သူကောင်လေးက ဒီလိုပုံမျိုးလဲ ချောမော‌မူက လျော့မသွားနဲ့ ပိုလိုတောင် ကြည့်ကောင်းနေသည်။

" ခုနကပဲ ရောက်တာ "

နစ်ယောက်သားစကား‌တစ်‌ေပြာပြောနဲ့ ဘုရားပေါ်မှ လမ်းလဲ လျှောက်ရင် ဘုရားကိုလဲ ရှိခိုးပြီးမှ စောင်းတန်းက ခုံလေးပေါ်မှ ထိုင်ကာ မော်လမြိုင်မြို့နဲ့   တစ်ဖက်က
ဘီးလူးကျွန်းအလှကိုတောင် အပေါ်စီးကနေ ကြည့်နေမိသည်။

" ဟိုဘက်ကမ်း သွားဖူးလား ?"

ဘာရယ်မဟုတ် သူ့ယောင်းညိုကိုမေးလိုက်သည်။

" မသွားဖူးဘူး မောင်ကော့ "

" ဟင့်အင်း .."

သူရီရီမောမောနဲ့ပဲ ပြန်‌ေဖြလိုက်သည်။ မွန်ပြည်နယ်မှနေပြီးတော့ ဘီးလူးကျွန်တောင် မသွားဖူးသေးတာတော့ မဟုတ်သေးပါဘူးလေ။ ဒါကြောင့် အရှက်ပြေရီလိုက်သည်။

" အင်း ....မောင်က ဆေးရုံနဲ့ အိမ်နဲ့ပဲကို "

ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့ သူအားပြန်ပြောလေသည်။ ခပ်လှမ်းလှမ်းက ခုံမှ ကောင်မလေးသုံး‌ေလးယောက်က သူတို့ကို ကြည့်နေလေသည်။ ဘာတွေ တွက်ထိုးပြီး ပြောနေမှန်းမသိ ကြည့်ပြီးရီနေကျသည်။ သေချာတာကတော့ ကောင်မလေးတွေရဲ့ အကြည့်တွေထဲမှ သူတို့စုံတွဲဆိုတာကို ရိပ်မိနေလိုမဟုတ်။ ကောင်လေးနစ်ယောက်မို့ ဒီအတိုင်းသဘောကျလို ကြည့်တာမျိုး။ ပြီးတော့ ယောင်းညိုဆီကိုပဲ အကြည့်တွေ ပိုရောက်နေကျသည် ။ ကြည့်လဲကြည့်ချင်စရာ ယောင်းညိုက ‌ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ ပေါ့။ ဒါပေမဲ့ အခု ယောင်းညိုက သူကောင်လေးလေး သူချစ်ရတဲ့ ကောင်လေး ကောက်ကွေးလေး ...!

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now