💟 35 💟

439 46 30
                                    


" နိုးပြီးလား ..?"

ညက အိပ်တာနောက်ကျတာမို့ မနက်ကျတော့အိပ်ယာထ နောက်ကျလေသည်။ ချစ်ရတဲ့သူရဲ့ ရင်ခွင်ထဲကနေ နိုးထရတဲ့မနက်ခင်းတိုင်းက စိတ်ကြည်နူးရခြင်းပဲ မဟုတ်လား ? ။ အိပ်ယာမထသေးပဲ ထယ်ယောင်း၏ ကိုယ်လေးကိုတိုး၍ ဖက်လိုက်လေသည်။ပြီးတော့ ရင်ငွေ့လေးကို ခိုးရူရိူက်လိုက်လေသည်။ ဆိတ်နို့ဆပ်ပြာနံ့သင်းသင်းလေးက မပျောက်သေးပေ။

" အစောကြီး ‌နိုးနေတာလား... ?"

" အင်း ..."

ထယ်ယောင်း၏ လက်မောင်းတွေ တင်းနေသလိုဂျီမင်ခံစားလိုက်ရတော့ ဂျီမင်ခေါင်းကိုကြွလိုက်လေသည်။ ဂျီမင်ခေါင်းကြွလိုက်တော့ လက်ကို ပြန်ရုတ်လိုက်ပြီး ခါထုတ်လိုက်လေသည်။

" လက်ကျင်ရင် ကိုယ့်ကိုပြောလေ ...ဘာလို အနာခံပြီးနေနေရတာလဲ ..?"

" မောင်နိုးသွားမှာ ဆိုးလို့ပေါ့ "

" ယောင်းညိုကကွာ... "

ကုတင်ပေါ်မှာ နစ်ယောက်သားထထိုင်ပြီး ဂျီမင်သည် ထယ်ယောင်း၏ လက်မောင်းလေးကို နှိပ်နယ်ပေးလေသည်။

" မောင် ထနိင်လား.. ?"

ထယ်ယောင်းက ထိုသို့မေးတော့ ဂျီမင် အိုးတိုးအမ်းတန်းဖြစ်သွားလေသည်။ နာနေလားဆိုတော့ ဆိုးဆိုးဝါးဝါးမဟုတ်ချေ။ ဒီလူက သူ့အပေါ်မှာ သိပ်ကိုသက်ညှာလွန်းသူမဟုတ်လား ? ။ အခုလည်းကြည့် စိုးရိမ်တကြီးနဲ့ မေးနေတာ။

" မနာပါဘူးကွာ...ထပ်မမေးနဲ့တော့ .."

" အင်း အင်း...နာရင်ပြောနော် .."

" အား ..ဒီကောင်လေးတော့ .."

ဂျီမင်သည် ထယ်ယောင်း၏ပွနေသော ဆံပင်ကောက်ကွေးလေးတွေကို ဆွဲဖွလိုက်လေသည်။ ထယ်ယောင်းက ဂျီမင်ရဲ့လက်ကိုပြန်ဆွဲရင် လက်ဖမိုးလေးကို အနမ်းပေးရင် ..

" နားရက်မဟုတ်လား ...အိပ်ချင်ရင် ဆက်အိပ်နော် ..ကိုယ်ပဲ ချက်စရာတွေ သွား၀ယ်လိုက်မယ် "

" မ၀ယ်နဲ့တော့ ရေခဲသေတ္တာထဲမှာလည်း စားစရာတွေ ရှိနေတာပဲ။  မောင့်အနားမှာပဲနေ... "

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now