" တောင်ပေါ်မှာ လူများနေတယ် ၊ အမေတို့ဆီကို သွားမလား ? "
ကမ်းနားလမ်းကအပြန် တောင်ပေါ်တန်းကိုပတ်ဖို့ နှစ်ယောက်သား ပြင်ဆင်ထားပေမဲ့လည်း တောင်ပေါ်တန်းမှာ လူတွေက ပြည့်နှက်နေတာကြောင့် မောင့်အမေရှိရာ ဈေးကြိုကို ဆိုင်ကယ်လေးမောင်းကာ သွားလေသည်။ ဆောင်းလေကလည်း ၀င်လာပြီမို့ အေးစက်လာလေသည်။ မောင်သည် ယောင်းညိုရဲ့ ခါးလေးကို ဖက်လိုက်ရင်း
" မောင့်ဆီက ဘာလိုချင်တာရှိလဲ ?"
" ဟင့် .."
ဆိုင်ကယ်မောင်းနေတာကြောင့် အနောက်က မောင်ပြောတဲ့အသံကို ယောင်းညိုမကြာရပေ ။ ဆိုင်ကယ်ဦးထုပ်က နှစ်ယောက်လုံးဆောင်းထားတာကြောင့် မောင်သာ ယောင်းညိုနားနားကပ်လိုက်ပြီး ...။
" မောင့်ဆီက ဘာလိုချင်လဲလို့ ..."
အရှေ့ကနေ ဆိုင်ကယ်မာင်းနေတဲ့လူရဲ့မျက်နှာကို ဂျီမင် မမြင်ရပေမဲ့ သူ့လက်ကို လာအုပ်မိုးလေသည်။ ပြီးတော့ ဆိုင်ကယ် လက်ကိုင်ကို ပြန်ကိုင်လေသည်။
" အချစ်တွေပဲပေါ့ .."
တောင်းဆိုမှုက အချစ်တဲ့ ။ တောင်းဆိုစရာမလိုပဲ မောင်ကမောင့်ကောင်လေးကို ပေးပြီးသားပါ ။ နှလုံးသားတစ်ခုလုံးကို ပုံအပ်ပြီးတော့ပေါ့ ။
" ဒါက ယောင်းညိုမတောင်းလည်း မောင်က ပေးပြီးသားပါ "
ကျောပြင်ကျယ်ကြီးပေါ်ကို ဂျီမင်ခေါင်းကို မှီချလိုက်သည်။ ကိုယ်သင်းနံ့လေးရယ် ၊ ဆိတ်နို့ရေချိုးဆပ်ပြာနံ့လေးရယ် ရောထွေးနေတဲ့ ယောင်းညိုရဲ့ အမွှေးနံ့လေးကို သူသဘောကျသည်။ ယောင်းညိုနဲ့ ပတ်သက်လာရင် အနားသတ်နားမှာ ကွေးကောက်နေတဲ့ ဆံပင်စလေးကအစ ခြေချောင်းရှည်ရှည်လေးတွေအဆုံး သူမြတ်နိုးသည်။ ဘ၀မှာ ပထမဆုံးချစ်ဖူးတဲ့အချစ်က သူ့ဘ၀တစ်ခုလုံးကို ပြောင်းလဲစေပြီး ပိုပြီး ကောင်းမွန်စေလိမ့်မယ်လို့ သူမထင်ထားမိပေ ။ သူစိမ်းတစ်ယောက်ဆီကရတဲ့ ချစ်ခြင်းမေတ္တာတွေက မိသားစုဆီကရတဲ့ ချစ်ခြင်းမေတ္တာတွေထက် မပိုရင်တောင် မလျော့တဲ့ အချစ်ခံရခြင်းမျိုးကို ပိုင်ဆိုင်ထားရတဲ့ သူ့အတွက် နောက်ထပ်လိုချင်စရာ ထပ်မရှိတော့ပါ။
YOU ARE READING
နယ်မြေသစ်များစွာ (Complete)
Fanfictionအချစ်စစ်လား ? ကျွန်တော် အတွက်ကတော့ သူ့မှ တစ်ပါး အခြားမရှိလေခြင်းပဲ