💟 ၁၂ 💟

375 57 8
                                    

သူ့တို့ စကားပြောတော့သည်မှ လနဲ့ချီ ကြာခဲ့ပြီး ယောင်းညိုဘက်ကလည်းစပြီးဖုန်းမဆက်သလို  သူ့ဘက်ကလည်း မဆက်သွယ်ခဲ့ပါ ။ တစ်ခါတစ်လေ သူ့ဘက်က စဉ်းစားမိသည် ဒီကောင်လေးလက်လျော့သွားပြီးလား ? ဒါမှမဟုတ် အသစ်တွေ့သွားတာလား ?ဒီလောက်နဲ့ မပတ်သက်တာပဲ ကောင်းပါတယ်လေလို ဘယ်လောက်တွေးတွေး နေ့တိုင်းဒီကောင်လေးအကြောင်းခေါင်းထဲ၀င်လာတာလည်းတစ်ဒုက္ခ

" မောင်ငယ်ရေ "

အခန်းတံခါးကိုလာခေါက်တဲ့မကြီးကြောင့် ကုတင်ပေါ်မှ မှောက်ရက်လေးနေကာ ဖုန်းသုံးနေတဲ့ဂျီမင်သည် ထထိုင်လိုက်ရင်

" ဗျာ "

" ငယ်လေးရဲ့ သူငယ်ချင်း လာလည်တယ် "

သူငယ်ချင်း ဘယ်သူပါလိမ့် ? ည ၉နာရီပဲရှိနေပြီး ဘယ်သူများလဲ ? နွေဦးများလား ? နွေဦးဆိုလည်း အခန်းထဲကိုတန်း၀င်လာမှပေါ့ ။ဂျီမင်ဆက်မတွေးနေတော့ပဲ ထကာ အခန်းတံခါးကို သွားဖွင့်လိုက်သည်။

" ဘယ်သူလဲ မကြီး "

ကာတွန်း၀မ်းဆက်လေးကို ညအိပ်၀တ်ထားပုံသည် အလွန်ချစ်ဖို့ကောင်းတယ် မျက်မှန်လေးကိုတပ်ထား‌ေသးတာမို့ မကြီးက ဂျီမင်ပါးကို လှမ်းဆွဲရင်

" ဧည့်ခန်းမှ ရောက်နေတယ် ကိုယ်တိုင်သွားကြည့် "

မကြီးက ပြောကာ ထွက်သွားလေသည်။ အောက်ထပ်ကို ဆင်းပြီးဧည့်ခန်းကို သွားလိုက်တော့

" ဝေဝေ "

"မှတ်မိသားပဲ "

ချင်းပြည်နယ်မှ တာ၀န်ကျတုန်းက ‌ေ‌ဆးရုံတစ်ခုထဲမှတာ၀န်ကျခဲ့တဲ့ ဆရာ၀န်မလေး  သူမသည် ကရင်မလေးပေါ့ " နန်းစောဝေ" တဲ့ သူ့နဲ့ သိပ်ခင်မင်ရင်းနှီးတဲ့အထိတော့မဟုတ်ပေမဲ့ သူမက သူ့ကိုခင်၏။

" မှတ်မိပါ တယ် "

ဧည့်ခန်းက ဆိုဖာပေါ်မှ  သူ့၀င်ထိုင်လိုက်ရင်

" ဘာသောက်မလဲ "

" မသောက်တော့ဘူး ဂျီမင်ရေ ငါဒီဘက်ရောက်လို နင်ဆီ ခဏ လာလည်တာ "

သူမသည် အရမ်းကို သွက်လက်သလို ကရင်သံဝဲဝဲလေးကလည်းချစ်စရာကောင်းသည်။ သူမက အရမ်းကြီးအလှကြီးလဲမဟုတ်သလို ရုပ်ဆိုးနေတာမျိုးလဲမဟုတ်ပြန် ။

 နယ်မြေသစ်များစွာ (Complete)Where stories live. Discover now